အမြန်နှုန်း

testwiki မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ကား၏ လမ်းပေါ်လျှောက် တည်နေရာက အချိန်နှင့် အမျှ ပြောင်းလဲနေ၏၊ ထို့ကြောင့် အလျင်(velocity) တခုခု ရှိနေ၏၊ အရပ်စကားနှင့်လျှင် "ရွေ့လျားနေသည်။" ပိုမိုတိကျသော ရူပဗေဒအားဖြင့်မူ ကား၏ (အာကာသထဲ၌ ကမ္ဘာမြေပြင်စတို့၏ ရွေ့လျားမှုနှင့် တပါတည်း ထပ်တူမကျနေသော) နှိုင်းရအလျင်မှာ ကမ္ဘာမြေနှင့် နှိုင်းစာလျှင် သုညမဟုတ်ဘဲ ရှိနေပုံ။ အလျင်ဗှတ္တာ 𝐯ပမာဏရင်း ဖြစ်သော 𝐯 က အမြန်နှုန်း (ခေါ်) သွားနှုန်း (ခေါ်) အရှိန် ဖြစ်၏။ မြန်မာစကားတွင် "အရှိန်" နှင့် "အဟုန်" မှာ အခြေအနေများစွာ၌ ဖလှယ်နိုင်နေပြီး၊ "အရှိန် ပါရှိခြင်း" ဖြင့် "အမြန်နှုန်း (အလျင်ပမာဏ) တခုခု သိသိသာသာ ပါရှိနေခြင်း" ကို ဆိုလိုကြပြီး၊ အင်္ဂလိပ်လို acceleration ဟူသော တိုင်းဖွယ် အခြင်းအရာကမူ မြန်မာစာကျနသောရူပဗေဒ အသုံးအနှုန်းအရ အလျင်ပြောင်းနှုန်း ဖြစ်ပေမည်။

ရူပဗေဒသုံး တိုင်းဖွယ် အခြင်းအရာတမျိုး ဖြစ်သည့် သွားနှုန်း (သို့) အမြန်နှုန်း (တမ်းပလိတ်:Lang-en) ဟူသည်မှာ - ပမာဏနှင့်ဘက်လှည့်ချက် သဘော၂ရပ်လုံး ပါရှိသည့် အလျင်ဗှတ္တာ (velocity vector) 𝐯ပမာဏ(magnitude) သီးသန့်
(တပြန့်ညီသော သမားရိုးကျရပ်ဝန်းသဘောရှိသည့် ကာတက်စီးယန်း အမှတ်ချအိမ်အတွင်း၌ တိုင်းကြောင်း n ခု အဖို့လျှင်) 𝐯=i=1n(vi)2=(v1)2+(v2)2+...+(vn)2 ကို ညွှန်းဆိုခြင်း[] ဖြစ်၍၊ စကေလာ တိုင်းဖွယ်တမျိုး ဖြစ်၏။ ဤရေးနည်းရှိ v ညာဘက်အထပ်နား ကပ်လျက်ရှိ i သည် ထပ်ညွှန်းတင်ခြင်း မဟုတ်၊ ညွှန်းကြောင်း (index) ဖြစ်၍ လားရာတိုင်းကြောင်း (parameter) အသီးသီးကို အမှတ်စဉ်ထိုး ညွှန်ပြခြင်း ဖြစ်၍၊ vi=v1=vx သို့မဟုတ် vi=v2=vy ဟူသည်မျိုး ကိန်းလုံးတလုံးချင်းက အလျင်ဗှတ္တာအပိုင်းခွဲ (component)များ အသီးသီး ဖြစ်ချေမည်။
တိုင်းကြောင်း၃ခုအတွက် ဤသို့ ဖြစ်မည်။ 𝐯=i=1n=3(vi)2=(vx)2+(vy)2+(vz)2
အလျင် (velocity) နှင့် ဤ သွားနှုန်း သို့မဟုတ် အမြန်နှုန်း (speed) တို့၏ ကမ္ဘာသုံး စံယူနစ်မှာ "m/s" (သို့) "ms-1" (meter per second) ဖြစ်၍၊ တစ်စက္ကန့်လျှင် တည်နေရာအားဖြင့် မီတာမည်မျှ ပြောင်းလဲသွားသည် ဟူသော အချိုးနှုန်းထား ဖြစ်၏။ သဘောတူ ပေတံကွဲ ယူနစ်များအဖြစ် တစ်စက္ကန့်အလျှင် ဘယ်နှပေနှုန်း၊ တစ်နာရီလျှင် ဘယ်နှကီလိုမီတာနှုန်း၊ တစ်နာရီလျှင် ဘယ်နှမိုင်နှုန်း စသည့် ယူနစ်များကိုလည်း တွေ့ရနိုင်၏။

အကိုးအကား

တမ်းပလိတ်:Reflist

  1. တမ်းပလိတ်:Cite web Introduction of the speed/velocity terminology by Prof. Tait, in 1882.