စကေလာ

testwiki မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဗှတ္တာကို ဆပြောင်းကိန်း(scalar)နှင့် မြှောက်နိုင်ပုံ။ မြှောက်ဖော်ကိန်း 3နှင့် မြှောက်လိုက်ခြင်းသည် ဗှတ္တာကို ထိုဦးတည်ချက်အတိုင်းပင် ၃ဆ ရှည်သွားစေခြင်း။

အခြေခံအဆင့် သင်္ချာ သို့မဟုတ် ရူပဗေဒ တွင် စကေလာ (ခေါ်) ကိန်းထီး (အင်္ဂလိပ်: scalar) က ဗှတ္တာနှင့် မတူစွာဖြင့် ကိန်းတစ်လုံးထီးတည်းဖြင့် ဖော်ပြနိုင်သော သင်္ချာအားဖြင့် သင်္ချာဇာတ်ကောင် သို့မဟုတ် ရူပဗေဒအားဖြင့် တိုင်းဖွယ် ဖြစ်သည်။

ထို့ပြင် စကေလာသည် ဗှတ္တာအဖို့ မြှောက်ဖော်ကိန်းဖြစ် သက်ရောက်လျက် ဗှတ္တာ၏ အတိုင်းအဆကို ပြောင်းလဲနိုင်သေးသဖြင့် စကေလာကို ဆပြောင်းကိန်း ဟုလည်း ခေါ်နိုင်သည်။[][] ဥပမာအားဖြင့် 2 နှင့် မြှောက်လိုက်ခြင်းသည် ၂ဆ ဖြစ်စေခြင်း၊ ½ နှင့် မြှောက်လိုက်ခြင်းသည် ဆဝက် ဖြစ်စေခြင်း၊ 1 နှင့် မြှောက်လိုက်ခြင်းသည် ပင်ကို တစ်ဆအတိုင်းပင် ဆန့်ကျင်ဘက် လားရာ ရှိစေခြင်း ဖြစ်သည်။

အဆင့်မြင့်သင်္ချာ ခွဲခြမ်းစိတ်ဖြာ ဗေဒတွင်မူ စကေလာ (ဆပြောင်းကိန်း)သည် စက် (field)အတွင်း ပါဝင်သော အရာများ ဖြစ်သည်။

တာအုံသဘောတရားဖြင့်

အဆင့် 2 နှင့် အထက်ရှိသော တာအုံများကို "တာအုံ" ဟု သာခေါ်ရိုးရှိပြီး ထောင့်စက် ကိန်းအုံ ပုံစံဖြင့် ဖော်ပြနိုင်သည်။ အဆင့်-1 သာ ရှိသော တာအုံများမှာမူ ဗှတ္တာများ ဖြစ်ပြီး တိုင်ထီးကိန်းအုံ ပုံစံဖြင့် ဖော်ပြနိုင်သည်။ ဤအခါမျိုးတွင် စကေလာ (ကိန်းထီး) ဟူသည် အဆင့်-0 နှင့် တာအုံ ဖြစ်သဖြင့် ကိန်းတစ်လုံး ထီးတည်း ဖြစ်နေမည်။

အကိုးအကား

တမ်းပလိတ်:Reflist