ပမာဏရင်း

testwiki မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

သင်္ချာသုံး နော်မ် (သို့) ပမာဏရင်း (တမ်းပလိတ်:Lang-en) ဆိုသည်မှာ၊ အကယ်ပင် ရုပ်ပိုင်းထင်ရှား ဖြစ်နေခြင်းထက် သင်္ချာသဘောများလည်း ထပ်ဆင့်ပါရှိနိုင်သော ဗှတ္တာတို့၏ (ဦးတည်ချက်သဘောကို ခေတ္တ ပယ်၍) ပမာဏသီးသန့်သဘောကို ကိန်းပြုဖော်ပြခြင်း ဖြစ်၏။ သင်္ချာစကားဖြင့်လျှင် - အပေါင်းလည်း ဖြစ်၊ အနုတ်လည်း ဖြစ်နေနိုင်သော ကိန်းစစ်လည်း ဖြစ်၊ ကိန်းထွေးလည်း ဖြစ်နေနိုင်သော ဗှတ္တာရပ်ဝန်းဝင် ဗှတ္တာအသီးသီးကို (အပေါင်း)ကိန်းစစ်အစုဝင် ဆိုင်ရာ၊ ပမာဏဖော်ပြ အပေါင်းကိန်းများ အဖြစ်သို့ ပြောင်းလဲဆက်သွယ်ပေးသည့် ဖှန်ရှင်(ဆက်သွယ်ချက်) ဖြစ်တော့၏။

ဥပမာ သာဓကများ

သမားရိုးကျ ယူကလစ်ဒ်ရပ်ဝန်း (Euclidean Space) အတွင်း

တိုင်းကြောင့် n-ခု ပါရှိနေမည့် (n-dimensional) ယူကလစ်ဒ် ရပ်ဝန်း (Euclidean space) n အတွင်းရှိ ဗှတ္တာ 𝒙=(x1,x2,,xn) ၏ ပမာဏရင်း(norm) ကို တွက်ထုတ်နည်းမှာ ဤသို့၊ အလျားတွက်ထုတ်ခြင်း ဖြစ်အံ့။[] 𝒙2:=x12++xn2
အကယ်၍၊ n=3 ဟု တိုင်းကြောင်း ၃ခု ဖြစ်လျှင်၊
𝒙=(x1,x2,x3)=(x,y,z) ဟူသည်မျိုး ကာတက်စီးယန်း အမှတ်ချအိမ်၌ ဖြစ်သွားပြီး၊ 𝒙=x12+x22+x32=x2+y2+z2 ဟူသော တာရင်းအမှတ်မှ အလျားအကွာအဝေး တွက်ထုတ်မှုသည်ပင် ပမာဏရင်း(norm) တွက်ထုတ်ခြင်း ဖြစ်နေမည်။

အကယ်၍၊ n=2 ဟု တိုင်းကြောင်း၂ခု ဖြစ်လျှင်မူ၊
𝒙=(x1,x2)=(x,y) ဟူသည်မျိုး ဖြစ်သွားပြီး၊ 𝒙=x12+x22=x2+y2 ဟူသော ပြင်ကျယ်တွင်း တာရင်းအမှတ်မှ အလျားအကွာအဝေး တွက်ထုတ်မှုသည်ပင် ပမာဏရင်း(norm) တွက်ထုတ်ခြင်း ဖြစ်နေမည်။

အကိုးအကား

တမ်းပလိတ်:Reflist