လည်ဟုန်
တမ်းပလိတ်:Infobox physical quantity
ရူပဗေဒရှိ လည်ဟုန် (တမ်းပလိတ်:Lang-en) (moment of momentum သို့မဟုတ် rotational momentum) မျဉ်းဖြောင့်ရွေ့လျားမှု၏ အဟုန် (momentum) ကဲ့သို့သော လည်ပတ်မှု၏ လည်တောင့်အင်တခုခုကို လည်ထောင့်နှုန်းတခုခုသို့ ရောက်ရှိလည်ပေနေရွေ့ခြင်း အဟုန်သဘောမျိုး ဖြစ်၏။ ၎င်းသည် ဦးတည်ချက်သဘောနှင့် ပမာဏသဘော ၂ခုလုံး ပါရှိသည့် ဗှတ္တာတိုင်းဖွယ် ဖြစ်ပြီး၊ ဇာတ်ကောင်အားအတိုးအလျော့ မရှိသော ဖြစ်အင်စု (closed system) တခုအတွင်း၊ အားလုံးပေါင်း လည်ဟုန်က ဦးတည်ရာရော ပမာဏပါ ခြုံငုံအပြောင်းအလဲ မရှိစဉ် ဇာတ်ကောင်တစ်ခု၏ လည်ဟုန် အတိုးနှင့် အခြားတစ်ခု၏ လည်ဟုန် အလျော့တို့ ကိုက်ညီပြောင်းလဲနေနိုင်ခြင်းဖြင့် ဆက်လက်တည်မြဲတတ်သော သဘောသတ္တိ တစ်မျိုး ဖြစ်၍၊ အရေးပါလှသော ရူပဗေဒသုံး တိုင်းဖွယ်အခြင်းအရာ တစ်ခု ဖြစ်၏။
မျဉ်းဖြောင့်အတိုင်း ရွေ့လျားမှုအတွင်း အဟုန် (linaer momentum) ၏ အဖြစ် နှင့်အပြိုင်၊ စက်ဝိုင်းပုံ ရွေ့လျားမှု(Circular Motion) တစ်ခု၏ စက်ဝိုင်းပုံ လည်ဟုန် (circular-rotational anuglar momentum) မှာ
ဖြစ်ပေမည်။ က လည်တောင့်အင် (moment of intertia) ဖြစ်၍၊ က (ထောင့်ပြောင်းနှုန်း အဖြစ် ပြသော) လည်နှုန်း ဖြစ်၏။ သို့နှင့် လည်ခြင်းအဟုန်ပြ ဗှတ္တာ (မြားသဖွယ်) ၏ ဘက်လှည့်ရာ(ဦးတည်ချက်)မှာ ၎င်းစက်ဝိုင်းပုံရွေ့လျားမှု ပြင်(plane) မှ ထောင့်မတ်ကျထွက်ပေါ်နေမည်မျိုး။
တိုင်းကြောင်း၃ခုပါရှိသည့် ရပ်ဝန်း (3-dimensional space) အတွင်း ဒြပ်စတစ်စ၏ လည်ဟုန် (angular momentum) ဆိုသည်မှာ၊ ရှေးရိုးရူပဗေဒ အရ၊ ဘက်လှည့်ပြ ဗှတ္တာ (pseudovector)မျိုး ဖြစ်ပြီး တမ်းပလိတ်:Math အဖြစ်၊ ထိုဒြပ်စလည်ပတ်လမ်းကွေး၏ ဗဟိုနေရာမှ ကွာဝေးမှု တည်နေရာပြ ဗှတ္တာ တမ်းပလိတ်:Math နှင့် အဟုန် ဗှတ္တာ (နျူတန်ပျိုး ရူပဗေဒ အရ)တမ်းပလိတ်:Math တို့၏ ကြက်ခြေခတ်ပြ မြှောက်လဒ် ဖြစ်၏။ ထို့ကြောင့် (ဘက်လှည့်ပြ ဗှတ္တာ ဖြစ်လျက်) အဖြောင့်ရွေ့ပြ အဟုန်ဗှတ္တာကဲ့သို့ အရာဝတ္ထု၏ ရွေ့လျားနေမှုလမ်းကြောင်းအတိုင်း ဦးတည်တည်ရှိသည့် ဗှတ္တာမျိုး မဟုတ်ဘဲ၊ မည်သည့် အမှတ်ကို ဗဟိုတာရင်းပြု၍ ဤ လည်ဟုန်ဗှတ္တာကို တွက်ထုတ် ကိုင်တွယ်မည်ဟူသောာ ယူဆဓါးထစ်ချက်ကို လိုက်၍ ဦးတည်ချက် (ဘက်လှည့်) ပြနေမည့် ဗှတ္တာအတိမမြောက်သည်မျိုး ဟုလည်း ဆိုကြသည်။