လည်ထောင့်နှုန်း

testwiki မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

တမ်းပလိတ်:Incomplete တမ်းပလိတ်:Infobox physical quantity

ရူပဗေဒတွင် တမ်းပလိတ်:Math သို့မဟုတ် ω ဟု သင်္ကေတပြုရိုး၊ အရာဝတ္ထုတခုခု၏ ထောင့်ပြောင်းနှုန်း (သို့) လည်နှုန်း (သို့) လည်ထောင့်နှုန်း (တမ်းပလိတ်:Lang-en) ဟူသည်မှာ - စံတိုင်သဖွယ် စိတ်ကူးမျဉ်း တခုခုမှ တိုင်းတာလျှင် ထိုအရာ၏ တည်နေရာပြ ထောင့်တိုင်းတာရရှိမှု θအချိန်နှင့်အမျှ ပြောင်းလဲနေနှုန်း ဖြစ်၏၊ တနည်းအားဖြင့် အာကာသ(နေရာရပ်ဝန်း) အတွင်း အရာဝတ္ထုတခုခု၏ ထိုစံတိုင်မျဉ်းရာတဝိုက် လှည့်လည်မှုဖြစ်ပေါ်နေသည့် နှုန်းထားကို

ω=dθdt

ဟု သင်္ချာ ညွှန်းလုံး (mathematical formula) အားဖြင့် ဖွင့်ဆိုနိုင်၏၊ θ က ချအမှတ်(ကိုဩဒီးနိတ်)ထောင့်တိုင်းပြ တည်နေရာ ဗှတ္တာအပိုင်းစ ကိန်းလုံး ဖြစ်၏။

မျဉ်းဖြောင့်အတိုင်း ရွေ့လျားမှု (Linear Motion) တခုခု၏ အလျင် ဗှတ္တာ (linear velocity vector) နှင့်အပြိုင်၊ စက်ဝိုင်းပုံ ရွေ့လျားမှု (Circular Motion) ပုံစံမျိုး၏ လည်ပတ်နေခြင်း အမြန်နှုန်းပမာဏ (magnitude) နှင့် လည်ပတ်နေခြင်း ဘက်လှည့် (orientation) ကို ကိုယ်စားပြုသည့် ဤ လည်ထောင့်နှုန်း ဗှတ္တာ (rotational angular velocity vector) မှာ ဖြောင့်အလျင်ဗှတ္တာ ကဲ့သို့မူ တကယ့်ရွေ့လျားမှု၏ ဦးတည်ချက်အတိုင်း မိမိ၏လားရာ(direction) တည်ရှိနေသည့် ဗှတ္တာအရင်းအစစ်မျိုး မဟုတ်၊ ဘက်လှည့်ပြ ဗှတ္တာ(pseudovector) တစ်မျိုးသာ ဖြစ်၏။

အမည်းရောင် စက်ဝိုင်းရာသည် အရာဝတ္ထု၏ ရွေ့လျားမှု အလျင်လမ်းကြောင်း ဖြစ်၍ အချိန်အခိုက် တတံ့စီ၏ အလျင်(𝐯) တို့က ဝန်းထိမျဉ်း ဦးတည်လားရာတို့ ကိုယ်စီ ရှိနေမည်။ အပြာရောင်မျာ လည်ပတ်နေပုံ စက်ဝိုင်းလမ်းကြောင်း၏ အချင်းဝက်သဖွယ် အကွာအဝေး (𝐫 ဖြစ်၏။ အနီရောင်မှာ ထိုလည်ပုံတစ်ခုလုံး၏ အမြန်နှုန်း၊ အချင်းဝက်သဖွယ် ဗဟိုဆန့် အကွာအဝေး (တနည်းအားဖြင့် လမ်းကြောင်း၏ ကွေးမှု-ဖြောင့်မှု ပမာဏ)၊ လှည့်ပတ်လမ်းကြောင်း၏ ဘက်လှည့် စသည်တို့ကို ခြုံငုံဖော်ပြသည့် လည်နှုန်းဗှတ္တာ (angualr velocity vector) ဖြစ်ချေ၏။ လက်ဝဲရစ်လှည့်နေခြင်း ဖြစ်၍ အပေါ်လက်သို့ လည်နှုန်းဗှတ္တာ(အနီမြား) ဘက်လှည့်ဦးတည်ထားခြင်း။
  • သို့နှင့် ၎င်း၏ လားရာက လည်ပတ်နေသော ပြင်နေရာပေါ် ထောင့်မတ်ကျနေလျက် လည်ပတ်ပုံ၏ ဘက်လှည့်ကို ညွှန်ပြလျက် ရှိနေမည်။
  • သို့နှင့် ၎င်း၏ ပမာဏသဘောကမူ မည်မျှသော စက်ဝိုင်ပုံဆန်ဆန် 𝒓 ပမာဏ အဝန်းအတွင်း မည်မျှသော အဖြောင့်အတိုင်း ဝန်းထိအမြန်နှုန်း 𝒗tangential ဖြင့် သွားနေကြောင်း အချိုးအစားကို ဖော်ပြလျက် ရှိနေမည်။
ω=𝒗𝒓

ဟူသည်မျိုး ဖြစ်၏။


လည်ထောင့်နှုန်း(လည်နှုန်း) နှစ်မျိုးနှစ်စား

  • လည်ပတ်မှု၏ ဗဟိုဆန်သည့်အမှတ် မှ သီးခြားကွာလှမ်းနေသည့် ဒြပ်ထုထည် တခုခု၏ ထိုအမှတ်ပတ်လည် လှည့်ပတ်(revolving) နေနှုန်းကို ဖော်ပြရာကျလျှင် (ဝန်းရံ)လှည့်လည်နှုန်း (orbital angular velocity) ဟု ခွဲခေါ်နိုင်၏၊တမ်းပလိတ်:Citation needed
  • ဆိုလိုရာဒြပ်သား၏ ထုထည်ပြင်ပမှ အမှတ်နေရာတခုကို လှည့်ပတ်ခြင်း မဟုတ်ဘဲ မိမိကိုယ်တိုင်ထုထည် အတွင်း အလည်ဘက်လှည့် စံတိုင် တခု ရှိနေသည့်ပုံစံနှင့် ကိုယ်တိုင်လည်ပတ်(rotating) နေနှုန်းကို ဖော်ပြရာကျလျှင် ကိုယ်လည် လည်ပတ်နှုန်း (spin angular velocity) ဟု ခွဲခေါ်နိုင်၏။

အကိုးအကား

တမ်းပလိတ်:Reflist