ဘယ်နှကြောင်းဆွဲ

testwiki မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

သင်္ချာသုံး တာအုံ(Tensor) တခုခု၏ ဘယ်နှကြောင်းဆွဲ (တမ်းပလိတ်:Lang-en) ဆိုသည်က ၎င်းတာအုံဝင်တာစတို့၏ သဘောတရားဖွဲ့စည်းပုံ၌ ဗှတ္တာ သို့မဟုတ် အခြေခံတိုင်းဖွယ် ဘယ်နှခု ပါဝင်သဘောဆောင်နေသနည်း ဟူသော အရေအတွက် ဖြစ်၏။[] ထို့အလျောက် အဆိုပါ တာအုံ၌ ပါရှိနေမည့် တာစအရေအတွက်ကိုလည်း ဤသို့ အဆုံးအဖြစ် ပေးနေမည်။
nR n က တိုင်းကြောင်း အရေအတွက်၊ R က ဘယ်နှကြောင်းဆွဲ (rank) အရေအတွက် ဖြစ်၏။ nR က ၎င်းတာအုံရှိ တာစ(component) အရေအတွက် ဖြစ်၏။

တိုင်းကြောင်း၃ခုနှင့် ကြောင်းဆွဲအမျိုးမျိုး ဥပမာ

တိုင်းကြောင်း ၃ခု ရှိသည်၊ n=3 ဖြစ်သည် ဆိုပါစို့။

၀-ကြောင်းဆွဲ တာအုံများ (Rank-0 Tensors)

တိုင်းကြောင်းအရေအတွက် n က မည်မျှ ဖြစ်နေစေမူကာမူ

n0=1

ဖြစ်သဖြင့်၊ ကြောင်းဆွဲရေ (rank) R=0 ရှိသည့် တာအုံတိုင်းမှာ တာစ ၁ခုတည်း ဖြစ်နေမည်။
တနည်းအားဖြင့်၊ ၀-ကြောင်းဆွဲ တာအုံ (rank-0 tensor) မှာ သဘာဝအားဖြင့် စကေလာ (ခေါ်) ကိန်းလုံးထီးတည်း ဖြစ်တော့၏။

၁-ကြောင်းဆွဲ တာအုံများ (Rank-1 Tensors)

ကြောင်းဆွဲရေ (rank) R=1 ဖြစ်နေ‌သော်

31=3

ဟူသည့်အတိုင်း တာအုံ၌ တာစ ၃ခု ဖြစ်နေမည်။
ဤသို့ တိုင်းကြောင်း ၃ခုအတွင်း တာအုံ ၃ခု ရှိနေခြင်းသည် ကိန်းအုံပုံစံအားဖြင့် တိုင်ထီးကိန်းအုံ၊ အလှဲကိန်းအအုံ တို့ ဖြစ်မည်ကို ရိပ်စားမိနိုင်၏။ Vi=[V1V2V3] ပုံစံဝင် ဗှတ္တာ (vector) များသည်လည်းကောင်း၊ ei=[e1e2e3] ပုံစံဝင် မျိုးပြအချိုးချ (one-form) များသည်လည်းကောင်း၊
၁-ကြောင်းဆွဲ တာအုံ (rank-1 tensor) များချည်း ဖြစ်ကြ၏။

၂-ကြောင်းဆွဲ တာအုံများ (Rank-2 Tensors)

ကြောင်းဆွဲရေ (rank) R=2 ဖြစ်နေ‌သော်

32=9

ဟူသည့်အတိုင်း တာအုံ၌ တာစ ၉ခု ဖြစ်နေမည်။
ဤသို့ တိုင်းကြောင်း ၃ခုအတွင်း တာအုံ ၉ခု ရှိနေခြင်းသည် ကိန်းအုံပုံစံအားဖြင့် ထောင့်စက်ကိန်းအုံ ကျမည်ကို ရိပ်စားမိနိုင်၏။
ဥပမာအားဖြင့်၊ Tij သို့မဟုတ် (သို့) Tij လည်း သာဓက ဖြစ်လျှင်ဖြစ်တန်သော၊ Tji=[T11T21T31T12T22T32T13T23T33] ပုံစံဝင် တာအုံများမှာ ၂-ကြောင်းဆွဲ တာအုံ (rank-2 tensor) များ ဖြစ်လေ၏။

အကိုးအကား

တမ်းပလိတ်:Reflist

  1. "A First Course in General Relativity" by Bernard F. Schut