ကော့ချီ အားအချိုး တာအုံ

testwiki မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

တမ်းပလိတ်:Short description တမ်းပလိတ်:Infobox physical quantity

ဒြပ်တသားထု မက္ကဲန်းနစ်တွင် σ ဟု သင်္ကေတ ပြုကြသော ကော့ချီ အားအချိုး တာအုံ (သို့) အားကြောင်းစုံ တာအုံ (အင်္ဂလိပ်: Cauchy stress tensor or just stress tensor) ဆိုသည်မှာ ဒြပ်သားထုတခုခု အထိုက်အလျောက် ပုံယွင်းသွားအောင် အားများ သက်ရောက်နေချိန်၌ ထိုဒြပ်သား၏ တနေရာရာအပေါ် ဖိ၍၊ ဆွဲ၍၊ ပွတ်၍ သက်ရောက်မိနေသည့် ထိုအားတို့၏ ဖြန့်ကျက်သက်ရောက်အသွင် အမျိုးမျိုးကို သင်္ချာသုံး ကိန်းအုံနှင့် စုစည်းဖော်ပြသည့် တာအုံ ဖြစ်သည်။
ဤ ကော့ချီ အားအချိုးတာအုံ (အားကြောင်းစုံ တာအုံ)၏ တာစ(component) များမှာ အားတို့၏ မျက်နှာပြင်အပေါ် စုစည်းမှုနှုန်းထား (stress) များ ကိုယ်စီ ဖြစ်ကြ၏၊ ဖိအား(pressure) ယူနစ် ရှိကြ၏။ ထိုတာစတစ်ခုချင်းစီကို σij ပုံစံဖြင့် ရေးကြသည်။ ဤတာအုံသည် ၂-ကြောင်းဆွဲ တာအုံ (rank-2 tensor) ဖြစ်၍၊ i နှင့် j ဟု ညွှန်းလုံး (index) ၂ခု ပါနေခြင်း ဖြစ်သည်။ ထို့ကြောင့် -

  • တိုင်းကြောင်း ၂ခု (2 dimensions) ရှိသော ရပ်ဝန်း (space) အဖြစ် စဉ်းစားလျှင် (မျက်နှာပြင် အကျယ်အဝန်းသဘောကို ကွက်စဉ်းစားလျှင်) ၂-တိုင်းကြောင်းတာအုံ အနေနှင့် တာစ၄ခု ဖြစ်နေမည်၊ ပြင်ပွတ် အားအချိုး (shear torsion) များချည်း အလိုလို ဖြစ်သွားလျက်။
  • တိုင်းကြောင်း ၃ခု (3 dimensions) ရှိသော ရပ်ဝန်း (space) အဖြစ်စဉ်းစားလျှင် (ထုထည် အကျယ်အဝန်းသဘောကို ယူစဉ်းစားလျှင်) ၂-တိုင်းကြောင်းတာအုံ အနေနှင့် တာစ၉ခု ဖြစ်နေမည်။

သင်္ချာ

σij ပုံစံတွင်

  • ပထမညွှန်းလုံး i နေရာက "မည်သည့်ဦးတည်ဘက်သို့ သက်ရောက်နေသည့် အားကို ဆိုလိုကြောင်း" [မည်သည့် Fi တာစ ဖြစ်ကြောင်း] ထည့်ရေးရန်၊
  • ဒုတိယညွှန်းလုံး j နေရာက "ထိုအားက မည်သည့်လားရာအတိုင်း ဒြပ်မျက်နှာပြင်ပေါ် (ဖိ၍ဆွဲ၍လော၊ ပွတ်၍လော) သက်ရောက်နေခြင်း စုစည်းမှုနှုန်းထားကို တွက်ချက်လိုခြင်း ဖြစ်ကြောင်း" [မည်သည့် မျက်နှာပြင်အကျယ်အဝန်း Sj ဖြစ်ကြောင်း] ထည့်ရေးရန် ဖြစ်သည်။
σij=limΔSj0ΔFiΔSj=dFidSj

၃-တိုင်းကြောင်း ရပ်ဝန်း (3-Dimensional Space) အတွင်း

သာမန်ရပ်ဝန်း သဘောနှင့် တွက်ချက်လျှင် တိုင်းကြောင်း ၃ခုအတွက် ကော့ချီ အားအချိုးတာအုံ (အားကြောင်းစုံ တာအုံ) မှာ ဤသို့ ဖြစ်သည်။

σij=[σ11σ12σ13σ21σ22σ23σ31σ32σ33][σxxσxyσxzσyxσyyσyzσzxσzyσzz][σxτxyτxzτyxσyτyzτzxτzyσz],