အပိုင်းသဘော ရပ်ဝန်း

testwiki မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

သင်္ချာတွင် အပိုင်းအစုသဘော (en:closeness (mathematics)) ရှိခြင်းအားဖြင့် အာကာသ (ခေါ်) ရပ်ဝန်း (ခေါ်) စပေ့စ် အဖြစ် မြောက်သော်လည်း အတိုင်းဆဖော် ရပ်ဝန်းများ ကဲ့သို့ အကွာအဝေးသဘော တခုခု အတိအပ ရှိရန်မူ မလိုသေးသည့် စဉ်းစားတွေးခေါ်ပုံအားဖြင့် ရပ်ဝန်း(space)များသည် အပိုင်းသဘော ရပ်ဝန်း (အင်္ဂလိပ်: topological space) အဖြစ် အပိုင်းသဘော (en:topology) ၌ ရှိပေသည်။

"တဝိုက်ငယ်" အားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုပုံ

X က အစုတစ်ခု ဖြစ်အံ့၊ ၎င်း X ၏ အစုဝင်များက မည်သို့သော သင်္ချာဇာတ်ကောင်များ ဖြစ်နေစေကာမူ အမှတ်များ (points) ဟု ခေါ်ဆိုခြင်းခံနိုင်၏။ 𝒩 က အစုX ၏ မည်သည့် အမှတ် x ကိုမဆို X ၏ အစုပိုင်းတခုခု ဖြစ်သည့် သက်ဆိုင်ရာ 𝒩(x) ထံသို့ ဆက်သွယ်ပေးသော ဆက်သွယ်ချက် ဆိုပါစို့။ ၎င်း N သည် (𝒩 အားဖြင့် ဆက်သွယ်အပ်သော) xတဝိုက်ငယ် (တမ်းပလိတ်:Em) မည်၏။ ထိုအခါမျိုးတွင် ဆက်သွယ်ပုံ 𝒩 က အောက်ပါ မှတ်ရည်ချက်များ (axioms)နှင့် ကိုက်ညီရပေမည်။တမ်းပလိတ်:Sfn

  1. (N𝒩(x) ဟူသကဲ့သို့) N က x ၏ တဝိုက်ငယ် တစ်ခု ဖြစ်အံ့၊ xN ဟု ဖြစ်နေပြီးလတ္တံ့။ ဆိုလိုသည်မှာ အမှတ်တစ်ခုချင်းစီအတွက် တဝိုက်ငယ် အမျိုးမျိုး ဆွဲသားနိုင်သည်၊ ထိုတဝိုက်ငယ် တမျိုးချင်းစီတိုင်း၌ ထိုအမှတ် ပါဝင်နေ၍သာ ထိုအမှတ်၏ တဝိုက်ငယ်ဟု ခေါ်ထိုက်ခြင်း ဖြစ်နှင့်၏။
  2. X ၏ အစုပိုင်း (တစိတ်တပိုင်း) ဖြစ်ထသော N တခုခုက x ၏ တဝိုက်ငယ်မည်ရာ အပိုင်းတခုခုကို တစ်ခုလုံး အုပ်ငုံမိအံ့၊ ၎င်း N ကိုယ်တိုင်သည်လည်း x ၏ တဝိုင်ငယ်တစ်ခုပင် ဖြစ်လတ္တံ့။
  3. x ၏ တဝိုက်ငယ်တိုင်း၏ အရောစု (intersection) ရလဒ်သည်လည်း of two x. ၏ တဝိုက်ငယ် တစ်မျိုးတဖုံ ဖြစ်တုံ၏။ ဆိုလိုသည်မှာ နံပါတ်-၂ မှတ်ရည်ချက်ကဲ့သို့ တဝိုက်ငယ်ချင်း အမိအရ မအုပ်ငုံမိသည့် တဝိုင်ငယ်အစုများကို ပေါင်းစုစဉ်းစားခြင်း အစုသည်လည်း တဝိုက်ငယ် မြောက်ကြောင်းတည်း။
  4. x ၏ တဝိုင်ငယ် N တိုင်း၏ အတွင်း၌ ၎င်းထက် ဝန်းနယ်သေးငယ်လျက်သော x ၏ နောက်ထပ် တဝိုင်ငယ် M ပါဝင်အုပ်ငုံမိလျက် ၎င်း M ငယ်လေးအတွင်းရှိ အမှတ်တိုင်း၏ တဝိုက်ငယ်အဖြစ် N က ရှိနေနိုင်သေးသည်ဟု ယူဆအံ့။

အထက်ပါ သဘောတရားများ ပါဝင်အောင် တိုင်းဝန်းတာ N တို့ကို ဖော်ဆောင် ဆက်သွယ်ပေးနိုင်သော ဖှန်ရှင်ကို 𝒩 ဟု သင်္ကေတပြုလျက်၊ 𝒩 နှင့်တကွသော အစုရပ်ဝန်းကြီး X ကို အပိုင်းသဘော ရပ်ဝန်း (topological space) ဟု ခေါ်ဆိုတန်၏။

အကိုးအကား

တမ်းပလိတ်:Notelist တမ်းပလိတ်:Reflist


တမ်းပလိတ်:Math-stub