အစု

testwiki မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဟူသော အစုမှာ သဘာဝကိန်းများ (natural numbers) အားလုံးကို စုစည်းပြထားလိုရင်း သဘော ဖြစ်၏။ ဟူသော အစုမှာ ကိန်းပြည့်(integers) အစု ဖြစ်၍ အနုတ်ကိန်းများပါ ပါဝင်ခြင်း၌ သဘာဝကိန်းများအစုထက် ကြီးမားသွား၏။ အစု မှာ ရာရှင်နယ်ကိန်းများ (rational numbers) အစု ဖြစ်ပြီး၊ အစု မှာ ကိန်းစစ်များ (real numbers) အစုကြီး ဖြစ်သည်။ အစုမှာမူ ကိန်းထွေးများ အစု ဖြစ်လေ၏။
အစုများသည် အထွေထွေသော အရာများကို စုဝေးထားခြင်း ဖြစ်နိုင်၏။ ဤပုံတွင် ဗဟုဂံများ စုစည်းထားမှုကို ဥပမာပြသည်။

သင်္ချာရှိ အစု (တမ်းပလိတ်:Lang-en) ဆိုသည်မှာ တစ်ခုမကတတ်သောအရာ များကို စုစည်းထားခြင်း သဘောဖြစ်ပြီး ထိုထဲ၌ ပါဝင်သော ဇာတ်ကောင်များကို အစုဝင်များ (elements) ဟု ခေါ်သည်။ အစုဝင်များမှာ ကိန်းများလည်း ဖြစ်နိုင်သကဲ့သို့ အခြားသော အရာများလည်း ဖြစ်နိုင်သည်၊ အခြားသော အစုများကိုပင် အစုဝင်များအဖြစ် စုစည်းထားခြင်းလည်း ဖြစ်နိုင်ပြန်သည်။တမ်းပလိတ်:Sfn
အစု ၂ ခု၏ အစုဝင်အားလုံး ထပ်တူကျနေလျှင် ထိုအစု ၂ ခုက ထပ်တူကျသည်ဟု သင်္ချာနည်းကျ ဆိုနိုင်သည်။[] အစု A ၏ အစုဝင်တိုင်းက အစု B တွင် ပါဝင်သော်လည်း အစု B က ထို့ထက်ပို၍ အစုဝင်များ ပါဝင်နေသေးလျှင် အစု A က အစု B ၏ "အစုပိုင်း" (subset) ဖြစ်သည် ဟု ဆိုနိုင်သည်။ အရပ်စကားဖြင့်လျှင် အစု A က အစု B ၏ တစ်စိတ်တပိုင်းဟု ဆိုလိုသည်။ ဥပမာအားဖြင့်၊ "ခိုတိုင်းက ငှက်ဖြစ်သောလည်း ငှက်အလုံးစုံက ခိုမဟုတ်သဖြင့် ခိုများဟူသည့် အစုက ငှက်များဟူသည့် အစု၏ အစုပိုင်း ဖြစ်သည်"ဟု ဆိုရမည်မျိုး ဖြစ်သည်။ အစုဝင်တစ်ခုမျှ မရှိသောအစုကို "ဗလာစု" (empty set) ဟု ခေါ်သည်။

အကိုးအကား

တမ်းပလိတ်:Reflist