အကြောင်းအရာ(ညွှန်း)

testwiki မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ယခု ဖြည့်ဆွက်နေပြီ ဖြစ်သည်။

စည်းချပ် တွေးစစ်ဗေဒ (Formal Logic) တွင် သုံးသော အကြောင်းအရာ(ညွှန်း) သို့မဟုတ် တွေးစစ်(ဗေဒ)သုံး အကြောင်းချိတ် သင်္ကေတ (ခေါ်) အကြောင်းချိတ် သင်္ကေတ (တမ်းပလိတ်:Lang-en) ဆိုသည်မှာ (ပညာရပ်သုံး) စည်းချပ်စနစ် ဘာသာစကားအဖို့ အခြင်းအရာညွှန်း ဝေါဟာရ အစအနလေးများကို ဆိုလိုရာ အကြောင်းအဓိပ္ပါယ်အလျောက် ချိတ်ဆက် ညွှန်းလုံးဝါကျဖွဲ့ရန် လေ့လာသူချင်း ညှိယူသတ်မှတ်ထားသော သင်္ကေတများကို ခေါ်ဆိုသည်။

အသုံးအများဆုံး အကြောင်းအရာညွှန်း (အကြောင်းချိတ် သင်္ကေတများ)

အသုံးများသော သတ်မှတ်ထားသည့် အကြောင်းချိတ် သင်္ကတေ (logical connective) များမှာ ဤသည်တို့ ဖြစ်သည်။[]

သာဓက အသုံးပြပုံများ (အတွေးဝါကျဖွဲ့)

p = မိုးရွာ
q = (ကိုယ်)အိမ်ထဲမှာနေ
ဟူသော အခြင်းအရာ၂ခုကို အခြင်းအရာညွှန်း ဝေါဟာရအစအနလေးများ (ဤတွင် ရိုမန်အင်္ဂလိပ်စာလုံး p နှင့် q) ဖြင့် စည်းချပ်စနစ် ဘာသာစကားအတွင်း သင်္ကေတပြုပြီ ဆိုပါစို။ ၎င်း အခြင်းအရာညွှန်း ၂ခုကို အမျိုးမျိုးသော အကြောင်းချိတ် သင်္ကေတ တို့နှင့် ဝါကျဖွဲ့၍ အဓိပ္ပါယ်၊ အခြေအနေ အမျိုးမျိုး ထွက်ပေါ်လုံပုံကို ဤသို့ သာဓက ကြည့်နိုင်၏။

¬p

မိုးရွာခြင်း မဟုတ်
မိုးရွာနေ။ ဒီ၁ခု ဖြစ်မနေ။

pq

မိုးရွာခြင်း နှင့်/...လည်းဖြစ်ပြီး (ကိုယ်)အိမ်ထဲမှာနေခြင်း
မိုးလည်း ရွာနေပြီး၊ ကိုယ်လည်း အိမ်ထဲမှာပဲ နေနေ။

pq

မိုးရွာခြင်း သို့မဟုတ် (ကိုယ်)အိမ်ထဲမှာနေခြင်း
မိုး ရွာရင်ရွာ၊ ဒါမှမဟုတ် ကိုယ် အိမ်ထဲမှာနေ။ ဒီ၂ခုလုံး ဖြစ်ရင်လည်း ဖြစ်မယ်... ၁ခုတော့ သေချာပေါက် ဖြစ်ပျက်တယ်

pq

မိုးရွာခြင်း ဖြစ်လျှင် (ကိုယ်)အိမ်ထဲမှာနေခြင်း
မိုးရွာရင်၊ ကိုယ် အိမ်ထဲပဲ နေမယ်။ မိုးရွာမရွာကို မူတည်ပြီး ကိုယ် အိမ်ထဲနေမနေ ဆုံးဖြတ်ဖြစ်ပေါ်မယ်

qp

(ကိုယ်)အိမ်ထဲမှာနေခြင်း ဖြစ်လျှင် မိုးရွာခြင်း
ကိုယ် အိမ်ထဲမှာ နေရင် မိုးရွာမယ်။ မိုးရွာမရွာက အိမ်ထဲနေမနေအပေါ် မူတည်နေတယ်လို့တော့ ဒီအတွေးဝါကျက သဘောသက်ရောက်။

pq

မိုးရွာခြင်း မှသာလျှင် (ကိုယ်)အိမ်ထဲမှာနေခြင်း
မိုးရွာမှ အိမ်ထဲမှာ နေမယ်။ မိုးမရွာရင် သေချာပေါက် အပြင်ထွက်မယ်၊ အိမ်ထဲမှာမနေဘူး၊ ¬p¬q လို့ ဆိုလို။

အကိုးအကား

တမ်းပလိတ်:Reflist