အခြင်းအရာ(ညွှန်း)

testwiki မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

စည်းချပ် တွေးစစ်ဗေဒ (Formal Logic) တွင် သုံးသော အခြင်းအရာ(ညွှန်း) သို့မဟုတ် ညွှန်းလုံးစ (တမ်းပလိတ်:Lang-en)ဆိုသည်မှာ ထပ်မံခွဲစိတ်၍ မရတော့သော (ဖွဲ့စည်းပုံအရ အခြေခံသဲတပွင့် ဆန်သော) ညွှန်းလုံး (formula) တို့ကို ခေါ်သည်။ မြန်မာသဒ္ဒါတွင် ပင်ကိုနာမ်တခုချင်းစီ၌ အခြားသော ဝါစင်္ကများကို အစိတ်အပိုင်းအဖြစ် မပါရှိတော့သည့် နည်းတူ၊ စည်းချပ်စနစ် ဘာသာစကား (fommal language) အရ ဆိုရလျှင် အကြောင်းအရာ(ညွှန်းလုံး) တခုစီ၌ အတွင်းပိုင်း တွေးနည်းပညာရပ်သုံး ဝါစင်္ကများ ဟူ၍ မရှိတော့၊ ထပ်မံခွဲစိတ်မရအောင် အခြေခံ ပါဝင်ရာသဲတပွင့်ကျပေသည်။
သာဓကအားဖြင့် ∀x. P (x) ∧ ∃y. Q (y, f (x)) ∨ ∃z. R (z) ဟူသော ညွှန်းလုံးကြီး၌ ပါဝင်သော

  • P(x)
  • Q(y,f(x))
  • R(z)

တို့မှာ ကိုယ်စီမှာ အခြင်းအရာ(ညွှန်းလုံးစ)များ ဖြစ်ကြသည်။