စက်ဝန်းလုံး ကိုဩဒိနိတ်စနစ်

testwiki မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ရူပဗေဒသုံး စက်ဝန်းလုံး ကိုဩဒိနိတ်စနစ် (Spherical Coordinate System) ၏ ကိုဩဒိနိတ် (r,θ,φ)များ သရုပ်ပြပုံ။r က တာရင်းအမှတ်မှ မျဉ်းဖြောင့်အတိုင်း အကွာအဝေး ဖြစ်၏၊ θ က ခေါင်းငုံ့ထောင့်(polar angle) ဖြစ်၏၊ φ က ခေါင်းလှည့်ထောင့် (azimuthal angle) ဖြစ်၏။
သင်္ချာသုံး စက်ဝန်းလုံး ကိုဩဒိနိတ်စနစ် (Spherical Coordinate System) ၏ ကိုဩဒိနိတ် (r,θ,φ)များ သရုပ်ပြပုံ။ r သို့မဟုတ် တစ်ခါတရံတွင် ρ က တာရင်းအမှတ်မှ မျဉ်းဖြောင့်အတိုင်း အကွာအဝေး ဖြစ်၏၊ θ က ခေါင်းလှည့်ထောင့် (azimuthal angle) ဖြစ်၏၊ φ က ခေါင်းငုံ့ထောင့် (polar angle) ဖြစ်၏။

သင်္ချာသုံး စက်လုံး ကိုဩဒိနိတ်စနစ် (သို့) စက်ဝန်းလုံး ကိုဩဒိနိတ်စနစ် (တမ်းပလိတ်:Lang-en) ဆိုသည်မှာ - ထုထည် ရပ်ဝန်းတခုခု အတွင်းရှိ တည်နေရာအမှတ်တို့ကို ကိန်း၃လုံးစုံနည်းဖြင့် ဖော်ပြရာ၌၊

  • ပေတံ့သုညသဘော အမှတ်နေရာ မှ အကွာအဝေးသည် r သို့မဟုတ် ("ရို") ρ ဟူသည့် အဖြောင့်ကွာမျဉ်း (radial line) အဖြစ်၊

"မည်သည့်ဘက်သို့ ထိုအကွားအဝေး" ဟု ပေါင်းဖော်ပြနေသော ထောင့်ပမာဏတို့အနေနှင့်...
ရူပဗေဒသုံး အခေါ်အဝေါ်များအရလျှင် -

  • ထောင်လိုက်စံတိုင်၏ ဘက်လှည့်မှ မည်မျှ သွေစောင်းနေကြောင်းသည် ("သေဋာ" သို့မဟုတ် "သေဋာ") θ ဟူသော ခေါင်းငုံ့ထောင့် (polar angle) အဖြစ်၊
  • အလျားလိုက်စံတိုင်၏ ဘက်လှည့်မှ မည်မျှ သွေးစောင်းနေကြောင်းသည် ("ဖိုင်"ထက် နှာသံပေါက်သော "ဖှိုင်") φ' ဟူသော ခေါင်းလှည့်ထောင့် (azimuthal angle) အဖြစ်၊

(r,θ,φ) ပုံစံဝင် ကိုဩဒိနိတ်များ ဖော်ဆောင်သည့် တိုင်းကြောင်း-၃ခုပါ အမှတ်ချအိမ် (3-dimensional Coordinate System) တမျိုး ဖြစ်လေ၏။

အကိုးအကား

တမ်းပလိတ်:Reflist