လည်နှုန်းပြောင်းနှုန်း

testwiki မှ
၁၆:၃၄၊ ၈ ဇွန် ၂၀၂၄ နေ့က imported>မင်းထွဋ်ကျော် တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

လည်မွှတ်ဖွ​ယ် ​ဒြပ်သားတခုခု၏ လည်ချက် ပြောင်းနှုန်း (သို့) လည်နှုန်း ပြောင်းနှုန်း (တမ်းပလိတ်:Lang-en) α (အယ်လ်ဖှာ) ဟူသည်မှာ ထိုအရာ၏ လည်နှုန်း (angular velocity) ωအချိန်နှင့်အမျှ ပြောင်းလဲနေနှုန်း တိုင်းဖွယ်အခြင်းအရာ ဖြစ်၏။

α=dωdt

သို့ဖြင့် စံယူနစ်မှာ rad/s2 (သို့) rad s-2 ဖြစ်၏။

မျဉ်းဖြောင့်ရွေ့လျားမှု (Linear Motion) ၏ အဖြောင့်အတိုင်း အလျင်ပြောင်းနှုန်း (linear acceleration) 𝐚 နှင့် စက်ဝိုင်းပုံရွေ့လျားမှု (Circular Motion) ၏ ဤ လည်နှုန်းပြောင်းနှုန်း (anuglar acceleration) α မှာ သဘောအရာချင်း ဆင်တူစင်ပြိုင် ဆန်၏။

တိုင်းကြောင်း၃-ခုပါ ယူကလစ်ဒ် ရပ်ဝန်းအတွင်းရှိ လည်နှုန်းပြောင်းနှုန်း α များမှာ ဘက်လှည့်ပြ ဗှတ္တာများ ဖြစ်၏။[] ဆိုလိုသည်မှာ ဤ α များ၏ မြားခေါင်းဘက်လှည့် လားရာ (direction) တို့သည် ရွေ့လျားမှု၏ တကယ့် လမ်းကြောင်းများအတိုင်း ရှိမနေဘဲ ထိုရွေ့လျားပုံ၏ ခြုံငုံဘက်လှည့် (orientation) အဖြစ် လည်ပတ်ပြင် အပြားနေရာပေါ်သို့ ထောင့်မတ်ကျ ရှိနေလေမည်။

အကိုးအကား

တမ်းပလိတ်:Reflist