အဟုန်

testwiki မှ
၁၅:၅၃၊ ၃၀ ဇွန် ၂၀၂၄ နေ့က imported>မင်းထွဋ်ကျော် တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

တမ်းပလိတ်:About တမ်းပလိတ်:Infobox physical quantity

နယူတန်၏ ရွေ့လျားမှုဆိုင်ရာ နိယာမများမှ အဖြောင့်သွားအဟုန် (မျဉ်းဖြောင့်အဟုန်) ဗှတ္တာတမျိုး ဖြစ်သော၊ အရာဝတ္ထုတစ်ခု၏ အဟုန် (တမ်းပလိတ်:Lang-en) 𝐩 ဟူသည်မှာ - ၎င်း၏ ဒြပ်ထု m (စကေလာ ခေါ် ကိန်းလုံးထီး) နှင့် အလျင် 𝐯 (ဗှတ္တာ) တို့၏ မြှောက်လဒ်ဖြစ်သည်။ ထို့ကြောင့် ပမာဏနှင့် လားရာတို့ ရှိကြသည်။

𝐩=m𝐯

အဟုန် (momentum)ကမ္ဘာသုံး စံယူနစ်မှာ kg m/s (ကီလိုဂရမ် အမြှောက် မီတာ အစား စက္ကန့်) ဖြစ်ကာ ဒြပ်ထုပမာဏ မည်မျှကို မည်မျှသော အမြန်နှုန်းနှင့် ရွေ့လျားနေစေသည် ဟူသော ရွေ့လျားအင်သဘော ဖြစ်၏။

နယူတန်၏ ရွေ့လျားမှု ဆိုင်ရာ ဒုတိယနိယာမတွင် အရာဝတ္ထုတစ်ခု၏ အဟုန်ပြောင်းလဲနှုန်းသည် ထိုအရာဝတ္ထုအပေါ်တွင် သက်ရောက်သော အသားတင်အားနှင့် ညီသည်ဟု ဖွင့်ဆိုထားသည်။ အဟုန်သည် ရည်ညွှန်းဘောင် (frame of reference-ရည်ညွှန်းကိုးကားသည့် စံ/ဥပဒေ) အပေါ်တွင်မူတည်သော်လည်း ရွေ့မြဲတည်မြဲဘောင် (inertial frame-အင်နားရှားဘောင်) တွင်မူ တစ်သတ်မတ်တန်ဖိုး (conserved quantity-မပြောင်းလဲသည့်တန်ဖိုး) ရှိ၏ ။ ဆိုလိုသည်မှာ အပိတ်စနစ် (closed system-ပြင်ပ၏စွက်ဖက်မှုမရှိခြင်း) ကို ပြင်ပမှ အားများသက်ရောက်မှုမရှိလျှင် ၎င်း၏စုစုပေါင်းအဖြောင့်အဟုန်သည်လည်း ပြောင်းလဲခြင်းမရှိနိုင်ပေ။ အထူးနှိုင်းရသီအိုရီ (အထူးပြုထားသော ဖော်မြူလာပုံစံတစ်ခုဖြင့်)၊ အထူးပြုမွန်းမံပုံစံ၊ ယေဘုယျနှိုင်းရသီအိုရီလျှပ်စစ်သံလိုက်စက်ကွင်းဘာသာရပ်၊ ကွမ်တမ်မက္ကင်းနစ်၊ ကွမ်တမ်စက်ကွင်းသီအိုရီ တို့တွင်လည်း တသတ်မတ်တန်ဖိုးအဖြစ် သတ်မှတ်ထားသည်။ နေရာနှင့်အချိန်တို့၏ အခြေခံအချိုးညီခြင်းများထဲက တစ်ခုဖြစ်သည်။ (translational symmetry-ရွေ့လျားမှုဆိုင်ရာ အချိုးညီခြင်း)


တမ်းပလိတ်:Physics-stub