TRAPPIST-1

testwiki မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

တမ်းပလိတ်:Sky တမ်းပလိတ်:Starbox begin တမ်းပလိတ်:Starbox image တမ်းပလိတ်:Starbox observe တမ်းပလိတ်:Starbox character တမ်းပလိတ်:Starbox astrometry တမ်းပလိတ်:Starbox detail တမ်းပလိတ်:Starbox catalog တမ်းပလိတ်:Starbox reference တမ်းပလိတ်:Starbox end

Aquarius ကြယ်စုတန်းမှ TRAPPIST-1 ၏ တည်နေရာ (အနီရောင်ဖြင့်)

TRAPPIST-1 ( 2MASS J23062928-0502285)[]သည် အင်မတန်အေးမြသော ကြယ်ပု ဖြစ်ပြီး[][] ကမ္ဘာမြေမှ အလင်းနှစ် ၃၉ (၁၂ Parsec) အကွာ ကုံ နက္ခတ်တာရာ၌ တည်ရှိသည်။[]

ဘယ်လ်ဂျီယမ်နိုင်ငံ Liège တက္ကသိုလ်မှ နက္ခတ္တပညာရှင် Michaël Gillon ဦးဆောင်သောအဖွဲ့သည်[] TRAPPIST (Transiting Planets and Planetesimals Small Telescope) တယ်လီစကုပ်ဖြင့် ယင်းကြယ်စနစ်အား လေ့လာခဲ့သည်။[] ထိုသို့လေ့လာရာ ကမ္ဘာမြေနှင့် ဆင်တူသော နေစကြဝဠာပြင်ပဂြိုဟ် ၃ လုံးကို တွေ့ရှိခဲ့သည်။[][] အဖွဲ့သားတို့သည် လေ့လာစောင့်ကြည့်မှုအား ၂၀၁၅ ခုနှစ် စက်တင်ဘာလမှ စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ် မေလတွင် တွေ့ရှိချက်များကို Nature ဂျာနယ်၌ ထုတ်ပြန်ခဲ့သည်။[][] ၂၀၁၇ ဖေဖော်ဝါရီ ၂၂ တွင် TRAPPIST-1 ကြယ်အနီးမှ နောက်ထပ်ဂြိုဟ် ၄ စင်းအား ရှာဖွေတွေ့ရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ ယင်းနေစကြဝဠာပြင်ပ ဂြိုဟ်အားလုံးသည်လည်း သက်ရှိများရှင်သန်နိုင်သောဇုန်အတွင်း တည်ရှိနိုင်သည်ဟုဆိုသည်။[][၁၀] ၂၀၁၇ ဖေဖော်ဝါရီလအရ TRAPPIST-1 သည် ခြေရာခံမိသမျှ ဂြိုဟ်စနစ်များတွင် အစင်းရေ ၇ စင်းဖြင့် အများဆုံး စံချိန်တင်ခဲ့သည်။[၁၁][၁၂]

ရှာဖွေတွေ့ရှိမှု

ရှာဖွေရေးအဖွဲ့သားတို့သည် ၂၀၁၅ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ မေလတွင် Nature ဂျာနယ်၌ ထုတ်ပြန်ခဲ့သည်။[][၁၃]

TRAPPIST-1 သည် TRAPPIST ဆိုသည့် တယ်လီစကုပ်မှ အမည်တပ်ခြင်းဖြစ်သည်။ [၁၄] ပထမဆုံးတွေ့ရှိသည့် ဂြိုဟ်များကိုမူ အင်္ဂလိပ် အက္ခရာ b မှ စတင်ကာ c အစရှိသည်ဖြင့် သတ်မှတ်သည်။[၁၅] TRAPPIST-1 အနားမှ ပထမဆုံး တွေ့ရှိခဲ့သည်ဂြိုဟ် ၃ စင်းကို b c d ဟု သတ်မှတ်ခဲ့သည်။ နောက်ထပ်တွေ့ရှိသည့် အသုတ်သည်လည်း e မှ h ဟုအမည်ပေးသည်။

စတီလာ ဂုဏ်သတ္တိများ

TRAPPIST-1 သည် အင်မတန်အေးမြသော ကြယ်ပုဖြစ်ကာ နေ၏ အချင်းဝက် ၁၁ ရာခိုင်နှုန်း၊ ထုထည်မှာ နေ၏ ၈ ရာခိုင်နှုန်းနီးပါး ရှိပြီး ဂျူပီတာဂြိုဟ်ထက် ၈၄ ဆ ပိုမိုကြီးမားသည်ဆိုသော်လည်း ဂျူပီတာအရွယ်အစားနှင့် ဆင်တူသည်။[၁၆][] အပူချိန်မှာ ၂၅၅၀ ကေလ်ဘင် ရှိပြီး သက်တမ်းအားဖြင့် ၅၀၀ မီလီယံနှစ် ရှိသည်။[] နှိုင်းယှဉ်ရသော် နေသည် ၄.၆ ဘီလီယံနှစ်ရှိပြီး[၁၇] အပူချိန်မှာ ၅၇၇၈ ကေလ်ဘင် ရှိသည်။[၁၈] ယင်း၏ ထုထည်ပိုင်ဆိုင်မှုအရ TRAPPIST-1 သည် ပင်မအစီစဉ်ရှိကြယ်အဖြစ် နောင်နှစ်ပေါင်း ၁၂ ထရီလီယံခန့် သက်တမ်းရှည်ကြာမည်ဖြစ်သည်။[၁၉] ကြယ်သည် သတ္တုကြွယ်ဝပြီး တောက်ပမှုမှာ နေ၏ ၀.၀၄ ရာခိုင်နှုန်း ဖြစ်ပြီး အများစုမှာ အနီအောက်ရောင်ခြည်လှိုင်းကို ထုတ်ပေးသည်။ ယင်းကြယ်အား ကမ္ဘာမြေမှ သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။

ဂြိုဟ်စနစ်

၂၀၁၇ ဖေဖော်ဝါရီလတွင် ယင်းကြယ်၏ဂြိုဟ်စနစ်၌ အပူချိန်မျှတသော ဂြိုဟ် ၇ စင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ကြေညာခဲ့သည်။ TRAPPIST-1 ကြယ်စနစ်ရှိ b c e f g ဟူသောဂြိုဟ်တို့သည် ကမ္ဘာမြေနှင့်တူပြီး d h တို့သည် ကမ္ဘာနှင့် အင်္ဂါဂြိုဟ်အရွယ်အစား ရှိသည်။[၂၀] သုံးခုသည် (e, f နှင့် g) ဂိုးလ်ဒီလောဇုန်အတွင်း လှည့်ပတ်နေကြသည်။[၂၀][၂၁][၂၂][၂၃] အတွင်းပိုင်း ဂြိုဟ် ၆ လုံး၏ စုစုပေါင်းပမာဏသည် TRAPPIST-1 ကြယ်၏ ၀.၀၂ ရာခိုင်နှုန်းရှိသည်။[၂၀] တမ်းပလိတ်:Clear

တမ်းပလိတ်:Orbitbox planet begin တမ်းပလိတ်:Orbitbox planet တမ်းပလိတ်:Orbitbox planet တမ်းပလိတ်:Orbitbox planet တမ်းပလိတ်:Orbitbox planet တမ်းပလိတ်:Orbitbox planet တမ်းပလိတ်:Orbitbox planet တမ်းပလိတ်:Orbitbox planet တမ်းပလိတ်:Orbitbox end

လူသိများသော ဓလေ့စရိုက်

ရှာဖွေတွေ့ရှိမှုအား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ တွင် Nate Swinehart မှ သရုပ်ပြချက် Google Doodle ဖြင့် ဂုဏ်ပြုခဲ့သည်။[၂၄]

သက်ရှိများအပေါ် စတီလာအပြုအမူ သက်ရောက်မှု

Kepler အာကာသယာဉ်မှ လေ့လာသူများ၏ အဆိုအရ မိခင်ကြယ်သည် ဆိုလာမီးလျှံများစွာ ရှိနေသည်ကို ဖော်ထုတ်ခဲ့သည်။ ယင်းမှ ထွက်လာသောစွမ်းအင်သည် မိမိတို့၏နေတွင် အားအပြင်းဆုံးဖြစ်ခဲ့သည့် ဆိုလာမီးလျှံနှင့် နှိုင်းယှဉ်နိုင်ပေသည်။ TRAPPIST-1 စနစ်အတွင်း လှည့်ပတ်နေသောဂြိုဟ်များသည် ကမ္ဘာက နေအားလှည့်ပတ်နေသည့်အကွာအဝေးထက် ပိုမိုနီးကပ်နေသောကြောင့် သံလိုက်ပြင်းအားသည် ကမ္ဘာမြေမှ အားအပြင်းဆုံး သံလိုက်မုန်တိုင်းထက် အဆပေါင်း ၁၀ မှ ၁၀၀၀ အထိ ရှိနိုင်လေသည်။ ဤကဲ့သို့ ရောင်ခြည်များ ဂြိုဟ်မျက်နှာပြင်ပေါ် တိုက်ရိုက်ထိတွေ့မှုသည် ရေရှည်တွင် လေထုကိုလည်း ပြောင်းလဲစေမည်ဖြစ်သည်။ ယင်းကဲ့သို့သော အန္တရာယ်များကို လုံလောက်သော သံလိုက်စက်ကွင်းက ကာကွယ်ပေးနိုင်သော်လည်း ကမ္ဘာမြကဲ့သို့သော ဂြိုဟ်တစ်ခုသည် ယင်းဖြစ်ရပ်များအတွက် သံလိုက်စက်ကွင်းပြင်းအား ၁၀ မှ ၁၀၀၀ Gauss လိုအပ်ပေသည်။ နှိုင်းယှဉ်ရသော် ကမ္ဘာမြေတွင် သံလိုက်စက်ကွင်းပြင်းအား ၀.၅ Gauss နီးပါးခန့်သာလျင် ရှိသည်။[၂၅]

ဓာတ်ပုံပြခန်း

မှတ်စုများ

တမ်းပလိတ်:Reflist

ကိုးကား

တမ်းပလိတ်:Reflist

ပြင်ပလင့်များ