အယ်လဖာ စင်တောရိ
တမ်းပလိတ်:Sky တမ်းပလိတ်:Starbox begin တမ်းပလိတ်:Starbox image တမ်းပလိတ်:Starbox observe 2s တမ်းပလိတ်:Starbox character တမ်းပလိတ်:Starbox character တမ်းပလိတ်:Starbox astrometry တမ်းပလိတ်:Starbox detail တမ်းပလိတ်:Starbox orbit တမ်းပလိတ်:Starbox catalog တမ်းပလိတ်:Starbox reference တမ်းပလိတ်:Starbox end အယ်လဖာ စင်တောရိ (α Centauri) သည် နေအဖွဲ့အစည်းနှင့် အနီးဆုံး ကြယ်စနစ်ဖြစ်သည်။ ယင်းသည် အလင်းနှစ် ၄.၃၇ (၁.၃၄ pc) အကွာတွင် တည်ရှိသည်။ ယင်းစနစ်တွင် အယ်လဖာ စင်တောရိ အေ၊ အယ်လဖာ စင်တောရိ ဘီ၊ ကြယ်ပုနီဖြစ်သော အယ်လဖာ စင်တောရိ စီ (ပရိုဆီမာ စင်တောရိ) ဟူသော ကြယ်သုံးစင်း ပါဝင်သည်။ အယ်အလဖာ စင်တောရိ အေသည် နေ၏ ၁.၁ ထုထည်ရှိပြီး တောက်ပမှုမှာ နေ၏ ၁.၅၁၉ ရှိသည်။[၁] အယ်လဖာ စင်တောရိ ဘီမှာ နေ၏ထုထည် ၀.၉၀၇၊ တောက်ပမှု ၀.၄၄၅ ရှိသည်။ ကြယ်နှစ်စင်းသည် ဗဟိုကျသောဆုံမှတ်ကို ဗဟိုပြု၍ ၇၉.၉၁ နှစ်လျင် တစ်ကြိမ်စီ လှည့်ပတ်ကြသည်။ ပရိုဆီမာ စင်တောရိနှင့် အယ်လဖာ စင်တောရိ AB တို့၏အကွာအဝေးသည် အလင်းနှစ် ၀.၂၁ (၁၃၀၀၀ au) ခန့်သာ ကွာဝေးသည်။ သာမန်မျက်လုံးဖြင့်ကြည့်ပါက ပင်မကြယ်နှစ်စင်းသည် တစ်စင်းတည်းအဖြစ်သာ မြင်ရသည်။
ပရိုဆီမာ စင်တောရိကို သာမန်မျက်စိဖြင့်မမြင်ရသော်လည်း နေနှင့်အနီးဆုံးကြယ်ဖြစ်သည်။ အယ်လဖာ စင်တောရိ အေဘီနှင့် ပရိုစီမာ စင်တောရိတို့၏ အကွာအဝေးသည် ၁၃၀၀ AU (အလင်းနှစ် ၀.၂၁) ကွာဝေးသည်။[၂] ယင်းသည် နက်ပကျွန်းဂြိုဟ်ပတ်လမ်းကြောင်း၏ အဆပေါင်း ၄၃၀ နှင့် ညီမျှသည်။
အယ်လဖာ စင်တောရိကြယ်စနစ်သည် တောင်ကမ္ဘာခြမ်းကောင်းကင်ယံ၌ တတိယ အတောက်ပဆုံး ကြယ်လည်းဖြစ်ပေသည်။[၃] ၂၀၁၆ ခုနှစ်တွင် ပရိုဆီမှာ စင်တောရိ ဘီအမည်ရှိ ကမ္ဘာမြေအရွယ်အစားဂြိုဟ်ကို သက်ရှိများ ရှင်သန်နိုင်သောဇုန်အတွင်း ရှာဖွေတွေ့ရှိခဲ့သည်။
စတီလာ စနစ်
အယ်လဖာ စင်တောရိသည် တြိကြယ်စနစ် (သုံးလုံးတွဲကြယ်စနစ်) ဖြစ်သည်။ အယ်လဖာ စင်တောရိ အေ နှင့် အယ်လဖာ စင်တောရိ ဘီ တို့ကို ဒွိကြယ်စနစ်အဖြစ်မှတ်ယူသည်။ သို့သော်လည်း ပရိုစီမာ စင်တောရိ (Proxima C) နှင့် အယ်လဖာ စင်တောရိ A သို့မဟုတ် B တို့၏ အကွာအဝေးသည် တူညီနေသောကြောင့် AB ဒွိကြယ်စနစ်ကို တခါတရံ တစ်ခုတည်းသော ဒြပ်ဆွဲအားအရာဝတ္ထုအဖြစ် မှတ်ယူကြသည်။[၄]
ပတ်လမ်းဆိုင်ရာ ဂုဏ်သတ္တိများ
အယ်လဖာ စင်တောရိ အေ နှင့် ဘီ၏ ပတ်လမ်းကာလမှာ ၇၉.၉၁ နှစ်ဖြစ်သည်။ သူတို့၏ပတ်လမ်းသည် အလယ်အလတ် စက်ဝိုင်းပုံစံဖြစ်သည်။[၅] ကြယ်တစ်ခုနှင့်တစ်ခု အနီးဆုံးပတ်လမ်းမှာ ၁၁.၂ AU (နေနှင့် စနေဂြိုဟ်တို့၏ အကွာအဝေးခန့်) နှင့် အဝေးဆုံးပတ်လမ်းမှာ ၃၅.၆ AU (နေနှင့် ပလူတို၏ အကွာအဝေးခန့်) ရှိကြသည်။[၅] ကြယ်နှစ်ခုကြား အနီးဆုံးအနေအထားမှာ ၁၉၅၅ ခုနှစ် ဩဂုတ်လတွင် ဖြစ်ပွားခဲ့ပြီး အဝေးဆုံးပတ်လမ်းအနေအထားမှာ ၂၀၇၅ ခုနှစ် မေလတွင် ဖြစ်ပွားမည်ဖြစ်သည်။ အယ်လဖာ စင်တောရိ စီ သည် စင်တောရိ အေဘီမှ ၁၃၀၀၀ AU ကွာဝေးသည်။ ယင်းသည် စင်တောရိ အေဘီမှ နေသို့အကွာအဝေး၏ ၅ ရာခိုင်နှုန်း အကွာအဝေး (အလင်းနှစ် ၀.၂၁ သို့မဟုတ် ၁.၉ ထရီလီယံ ကီလိုမီတာ) ဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
လေ့လာချက်များအရ အယ်လဖာ စင်တောရိ ကြယ်စနစ်သည် နေထက် အနည်းငယ် သက်တမ်းပိုကြီးသည်ဟုတွေ့ရသည်။[၆] အယ်လဖာ စင်တောရိ အေဘီ၏ ထုထည်မှာ နေထက် ၂ ဆရှိသည်။[note ၁] တစ်ခုချင်းစီ၏ ထုထည်မှာ တမ်းပလိတ်:Solar mass နှင့်တမ်းပလိတ်:Solar mass အသီးသီး ရှိကြသည်။
အယ်လဖာ စင်တောရိ အေ

စင်တောရိ အေသည် ဒွိကြယ်စနစ်၏ ပင်မကြယ်ဖြစ်ပြီး မိမိတို့နေထက် အနည်းငယ်ကြီးမားသည်။ ယင်းသည် အဝါရောင်သမ်းသည့် ပင်မ အစီအစဉ် အတွင်းရှိကြယ် ဟုထင်ရသည်။ ယင်း၏ စတီလာအမျိုးအစားမှာ G2 V ဖြစ်သည်။ သတ်မှတ်သည့်ပတ်လမ်း ပါရာမီတာအရ အယ်လဖာ စင်တောရိ အေသည် နေထက် အချင်းဝက်အားဖြင့် ၂၃ ရာခိုင်နှုန်း ထုထည်အားဖြင့် ၁ဝ ရာခိုင်နှုန်း ကြီးသည်။ မိမိဘာသာ လည်ပတ်နှုန်းသည် ၂၂ ရက်ကြာမြင့်သောကြောင့် ယင်း၏လည်ပတ်နှုန်းသည် အနည်းငယ်ပိုမြန်သည်။ နေသည် တစ်ပတ်လည်ပတ်ရန် ၂၅ ရက်ကြာသည်။ နေကို ဖယ်လိုက်မည်ဆိုပါက အာကျူးရပ်ထက် အနည်းငယ် မေးမှိန်ပြီး ကောင်းကင်ယံတွင် စတုတ္ထမြောက် အတောက်ပဆုံးကြယ်ဟု သတ်မှတ်နိုင်သည်။
အယ်လဖာ စင်တောရိ ဘီ
စင်တောရိ ဘီသည် ဒုတိယပင်မကြယ်ဖြစ်ပြီး နေထက် အနည်းငယ်ပိုငယ်သည်။ ယင်းသည် ပင်မ အစီအစဉ် အတွင်းရှိကြယ် အမျိုးထဲမှ K1 V အမျိုးအစားဖြစ်ပြီး ပင်မကြယ်ထက် လိမ္မော်ရောင် ပိုသမ်းသည်။ အယ်လဖာ စင်တောရိ ဘီသည် နေ၏ ထုထည် ၉၀ ရာခိုင်နှုန်း၊ အချင်းဝက်အားဖြင့် ၁၄ ရာခိုင်နှုန်း ပိုသေးသည်။ ဝင်ရိုးပေါ်လည်ပတ်သည့် ကြာမြင့်ချိန်မှာ ၄၁ ရက်ဖြစ်သည်။ (ယခင်က ၃၆.၈ ရက်ဖြစ်သည်) ယင်းသည် နေထက်အနည်းငယ် ပိုသေးသော်လည်း အိတ်ဇ်ရေး ရောင်ခြည်များ ထုတ်လွှင့်ပေးသည်။[၇]
အယ်လဖာ စင်တောရိ စီ

စင်တောရိ စီအား ပရိုဆီမာ စင်တောရိဟုလည်း သိထားကြကာ နေ၏ထုထည် ၀.၁၂၃ ရာခိုင်နှုန်း၊ ဂျူပီတာထုထည်ထက် ၁၂၉ ရာခိုင်နှုန်းရှိသည်။ စင်တောရိ အေနှင့် စင်တောရိ ဘီတို့အား အယ်လဖာ စင်တောရိ အေဘီဟု တခါတရံတွင် သုံးနှုန်းသည်။ ကြယ်ပုနီဖြစ်သော ပရိုဆီမာ စင်တောရိသည် စင်တောရိ အေဘီမှ ၁၅ဝဝဝ AU ခန့် ဝေးကွာသည်။[၈] ယင်းသည် ၀.၂၄ အလင်းနှစ် (၂.၂ ထရီလီယံ ကီလိုမီတာ) ခန့်အကွာအဝေးနှင့် တူညီသည်။ တနည်းအားဖြင့် အယ်လဖာ စင်တောရိ အေဘီနှင့် နေတို့၏ ၅ ရာခိုင်နှုန်းသော အကွာအဝေးပင်တည်း။ ပရိုဆီမာသည် စင်တောရိ အေဘီအား ဒြပ်ဆွဲအား သက်ရောက်သလိုရှိပြီး တစ်ပတ်တိတိ လှည့်ပတ်မိရန် နှစ်ပေါင်း ၁ဝဝဝဝဝ မှ ၅ဝဝဝဝဝ ထိ ကြာနိုင်သည်။ သို့သော်လည်း ယင်းကဲ့သို့ ဒြပ်ဆွဲအား မသက်ရောက်ဘဲ စင်တောရိ အေဘီနှင့် ဝေးရာသို့ ပြေးလွှားနေသည်မှာလည်း ဖြစ်နိုင်လေသည်။[၉] သီအိုရီအရ ပရိုဆီမာ စင်တောရိသည် စင်တောရိ အေဘီအား နောင်နှစ်ပေါင်း သိန်းဂဏန်းခန့်အကြာတွင် စွန့်ခွာသွားနိုင်သည်။ ပရိုဆီမာနှင့် အယ်လဖာ စင်တောရိတို့ ဒြပ်ဆွဲအားချင်း သက်ရောက်နေသည်ဆိုခြင်းမှာလည်း မသေချာမရေရာသေးပေ။[၁၀]ကြယ်ပုနီတစ်စင်းဖြစ်သော ပရိုဆီမာသည် နေ၏ ၈ ပုံ ၁ ပုံမျှရှိသော ကြယ်ကလေးပင်ဖြစ်ပြီး နေထက် အဆပေါင်း ၂၀၀၀၀ ပိုမိုမေးမှိန်သည်။ ယင်းသည် နေနှင့်အနီးဆုံးကြယ်ဖြစ်သော်လည်း သာမန်မျက်စိဖြင့်မြင်နိုင်ရန် မေးမှိန်လွန်းသည်။
ဂြိုဟ်စနစ်
အယ်လဖာ စင်တောရိ ကြယ်စနစ်တစ်ခုလုံးအားဖြင့် အတည်ပြုနိုင်သော ဂြိုဟ် ၂ ခု တည်ရှိပြီး ယင်းတို့နှစ်ခုစလုံးသည် ပရိုစီမာ စင်တောရိအနားမှ ဖြစ်သည်။ အခြားသောကြယ်များတွင် ဂြိုဟ်များ တည်ရှိသည်ဟု ပြောဆိုကြသော်လည်း ယင်းတို့၏ ရှာဖွေတွေ့ရှိမှုကို အတည်ပြုနိုင်ခြင်းမရှိပေ။
ဤစနစ်မှ မြင်ကွင်း
အယ်လဖာ စင်တောရိ အေဘီ ကြယ်စနစ်မှ ကြည့်မည်ဆိုပါက ကမ္ဘာမှကြည့်ရသကဲ့သို့ပင် မထူးခြားလှပေ၊ သို့သော် စင်တောရပ် ကြယ်စုတန်း၏ အတောက်ပဆုံးကြယ်မှာ ပျောက်ကွယ်နေပါလိမ့်မည်။ နေသည် ကမ္ဘာမြေမှ ဘီတယ်ဂျူးစ်အား မြင်ရသကဲ့သို့ တောက်ပနေမည်ဖြစ်သည်။
ကြိုတင်ခန့်မှန်းထားသော အနာဂတ်အပြောင်းအလဲများ
ကြယ်စနစ်၏ လက်ရှိ ရွေ့လျားမှုနှုန်းအရ ကောင်းကင်ယံတွင် အယ်လဖာ စင်တောရိ၏ တည်နေရာသည် အချိန်နှင့်အမျှ ပြောင်းလဲသွားမည်ဖြစ်သည်။ ဥပမာအားဖြင့် အေဒီ ၆၂၀၀ ရောက်သော် အယ်လဖာ စင်တောရိသည် ဘီတာ စင်တောရိနှင့် ပတ်လမ်းကြောင်းထပ်သွားကာ မြောက်ကောင်းကင်၌ တောက်ပသော ဒွိကြယ်စနစ်ဖြစ်လာပေမည်။ အေဒီ ၂၆၇၀၀ နှစ်ရောက်သော် အယ်လဖာ စင်တောရိသည် နေနှင့်အနီးဆုံး အလင်းနှစ် ၂.၉ အကွာသို့ရောက်ရှိလာမည်ဖြစ်ပြီး[၁၀] လက်ရှိ ကနိုးပတ်ကြယ်၏ တောက်ပမှုနီးနီး ရှိလာမည်ဖြစ်သည်။ သို့သော် ယင်းကြယ်၏တောက်ပမှုသည် ဆိုင်ရပ်စ်ကိုမူ ကျော်သွားမည်မဟုတ်ပေ။ ဆိုင်ရပ်စ်သည် နောင်နှစ်ပေါင်း ၆၀၀၀၀ အထိ ဆက်လက်တောက်ပနေမည်ဖြစ်ပြီး နောင်နှစ်ပေါင်း ၂၁၀၀၀၀ အထိ အတောက်ပဆုံးကြယ်တစ်ခုအဖြစ် ရှိနေမည်ဖြစ်သည်။[၁၁]
ကြယ်တာရာခရီးဆန့်ခြင်း
အယ်လဖာ စင်တောရိကြယ်စနစ်သို့ လူသားတို့၏ လက်ရှိနည်းပညာဖြင့် စက်ရုပ် သို့မဟုတ် လူသားလိုက်ပါပြီး အာကာသခရီးသွားမည်ဆိုပါက ရာစုနှစ်ချီကာ ကြာမြင့်ပေလိမ့်မည်။ လေဆာရွက်လွှင့်နည်းပညာ သို့မဟုတ် နယူကလိယား တွန်းကန်စနစ်သုံးသော Breakthrough Starshot စီမံကိန်းများဖြင့် ခရီးသွားမည်ဆိုပါက ခရီးသွားချိန်အား ဆယ်စုနှစ်များအထိ လျှော့ချနိုင်သည်။[၁၂][၁၃][၁၄] ယင်းကဲ့သို့သော စီမံကိန်းများ၏ ရည်မှန်းချက်များမှာ ကြယ်စနစ်တွင် ဂြိုဟ်များတည်ရှိမှုကို ဓာတ်ပုံရိုက်မှတ်တမ်းရယူခြင်းများ ဖြစ်နိုင်သည်။[၁၅][၁၆] ပရိုစီမာ စင်တောရိ ဘီ တည်ရှိမှုအကြောင်း ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် European Southern Observatory မှ ထုတ်ပြန်ချက်သည် Starshot စီမံကိန်းအတွက် ပစ်မှတ်ဖြစ်ပေလိမ့်မည်။[၁၅][၁၇] ၂၀၁၇ ခုနှစ်တွင် Breakthrough စီမံကိန်းသည် အယ်လဖာ စင်တောရိကြယ်စနစ်တွင် သက်ရှိများရှင်သန်နိုင်သောဂြိုဟ်များကို ရှာဖွေရန် ချီလီနိုင်ငံရှိ တယ်လီစကုပ်ကြီး အဆင့်မြင့်ရန် ငွေကြေးထောက်ပံ့ပေးခဲ့သည်။ ဤအဆင့်မြင့်မှုသည် ကြယ်စနစ်တွင် သက်ရှိများရှင်သန်နိုင်သောဂြိုဟ်များအား ခြေရာခံမိကောင်းနိုင်သည်။[၁၈][၁၉]

အကွာအဝေး ခန့်မှန်းချက်များ
မှတ်စုများ
ကိုးကား
- ↑ တမ်းပလိတ်:Cite web
- ↑ တမ်းပလိတ်:Cite journal
- ↑ Schaaf, F. The Brightest Stars: Discovering the Universe through the Sky's Most Brilliant Stars. Hoboken, NJ: John Wiley & Sons, 2008. P. 122.
- ↑ တမ်းပလိတ်:Cite book
- ↑ ၅.၀ ၅.၁ တမ်းပလိတ်:Cite news
- ↑ တမ်းပလိတ်:Cite journal
- ↑ တမ်းပလိတ်:Cite journal
- ↑ Reipurth, B., Mikkola, S. "Formation of the Widest Binaries from Dynamical Unfolding of Triple Systems". Aohoku Place, HI: Institute for Astronomy, Univ. of Hawaii at Manoa. December 6, 2012. PDF. Retrieved 09.28.2015.
- ↑ တမ်းပလိတ်:Cite journal
- ↑ ၁၀.၀ ၁၀.၁ တမ်းပလိတ်:Cite journal
- ↑ Sky and Telescope, April 1998 (p60), based on computations from HIPPARCOS data.
- ↑ တမ်းပလိတ်:Cite news
- ↑ တမ်းပလိတ်:Cite web
- ↑ တမ်းပလိတ်:Cite web
- ↑ ၁၅.၀ ၁၅.၁ တမ်းပလိတ်:Cite web
- ↑ တမ်းပလိတ်:Cite news
- ↑ တမ်းပလိတ်:Cite news
- ↑ တမ်းပလိတ်:Cite web
- ↑ တမ်းပလိတ်:Cite web
- ↑ တမ်းပလိတ်:Cite journal
- ↑ တမ်းပလိတ်:Cite web
- ↑ တမ်းပလိတ်:Cite journal
- ↑ တမ်းပလိတ်:Cite journal
- ↑ တမ်းပလိတ်:Cite journal
- ↑ တမ်းပလိတ်:Cite journal
- ↑ တမ်းပလိတ်:Cite journal
- ↑ တမ်းပလိတ်:Cite journal
- ↑ တမ်းပလိတ်:Cite web
- ↑ တမ်းပလိတ်:Cite web
- ↑ တမ်းပလိတ်:Cite web
- ↑ တမ်းပလိတ်:Cite web
- ↑ တမ်းပလိတ်:Cite web
- ↑ တမ်းပလိတ်:Cite web
- ↑ တမ်းပလိတ်:Cite web
- ↑ တမ်းပလိတ်:Cite web
- ↑ တမ်းပလိတ်:Cite web
- ↑ တမ်းပလိတ်:Cite web
ကိုးကား အမှား - <ref> tags exist for a group named "note", but no corresponding <references group="note"/> tag was found