အစက်ချမြှောက်လဒ်

testwiki မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
Illustration showing how to find the angle between vectors using the dot product

သင်္ချာတွင်၊ ဗှတ္တာ ၂ခု၏ ထပ်ခြင်းပြ ကိန်းလုံး (တမ်းပလိတ်:Lang-en) သို့မဟုတ် အစက်ချမြှောက်လဒ် (တမ်းပလိတ်:Lang-en) ဆိုသည်မှာ ၎င်းဗှတ္တာတို့၏ အစိတ်အပိုင်း(component) ကိန်းလုံးများကို ယူမြှောက်လျက်၊
သမားရိုးကျ ယူကလစ်ဒ်ရပ်ဝန်းသဘောနှင့် ဆိုလျှင်၊ ထိုဗှတ္တာ၂ခု၏ ဘက်လှည့်ပုံ(orientation)တို့ -

  • အချင်းချင်း ထပ်တူကျနေလျှင် ကျသလောက် ပမာဏကြီးကာ
  • အချင်းချင်း ထောင့်မှန်ကျနေလျှင် (အမှတ်ချအိမ်အတွင်း သီးသန့်စံတိုင်များအတိုင်း ဗှတ္တာတို့ သီးသီးခြားခြား ဘက်လှည့်မှု ရှိနေလျှင်) သုညထုတ်ပေးပြီး
  • ဘက်လှည့်ချင်း ဆန့်ကျင်သလောက် အနုတ်ကိန်းနှင့် ထုတ်ပေးနေမည့်၊

မြှောက်လဒ် ဖြစ်၏။

သာဓကအားဖြင့်
𝐚=[a1,a2,,an] ဟူသည့် ဗှတ္တာနှင့်
တမ်းပလိတ်:Nowrap ဟူသည့် ဗှတ္တာ တို့က
ယခု အမှတ်ချအိမ်အတွင်း၌ ထောင့်သန့်အစိပ်ညီ (orthonormal) အလွှားစိပ် (basis) တို့ဖြင့် တွဲစပ်‌ပေါ်လွင်သည် ဖြစ်သော်၊
၎င်း ဗှတ္တာ၂ခု၏ ထပ်ခြင်းပြ ကိန်းလုံး (scalar product) သို့မဟုတ် အစက်ချမြှောက်လဒ် (dot product) 𝐚𝐛 မှာ ဤသို့ ဖြစ်၏။[]

𝐚𝐛=i=1naibi=a1b1+a2b2++anbn

ဤတွင် Σ သင်္ကေတမှာ ပေါင်းလဒ်သင်္ကေတ (summation) ဟု ခေါ်၍၊ n နေရာ၌ ပါမည့် ကိန်းဂဏန်းမှာ တိုင်းကြောင်းအရေအတွက် ဖြစ်ပြီး ထို Σ အရ ပေါင်းရမည့် ပေါင်းကိန်း အရေအတွက်မှာ ထို တိုင်းကြောင်းအရေအတွက် နှင်နှင်သာ ဖြစ်မည်။
အကယ်၍ စဉ်းစားကိုင်တွယ်နေသည့် ရပ်ဝန်း၏ သဘောသဘာဝအလျောက် သင်္ချာစကားဖြင့် စံအလွှားစိပ် တို့က ထောင့်သန့်အစိပ်ညီ မဖြစ်ခဲ့လျှင်၊ ဥပမာအားဖြင့် ထောင့်သန့် (orthogonal) သာ ဖြစ်လျက် အစိပ်ညီ (normal) မဖြစ်ခဲ့လျှင်လည်း၊ တွက်နည်းက ဤမျှ ရိုးစင်းတော့မည် မဟုတ်ဘဲ (0 နှင့် 1 တို့ချည်း မဟုတ်တော့သော) အတိုင်းဆတာအုံ၏ တာစကိန်းလုံးတို့ ပါဝင်လာပေဦးမည်။

သို့သော် ခပ်ရိုးစင်းစင်း သာဓကအားဖြင့် တိုင်းကြောင်း-၃ခုပါ (3-dimensional) သမားရိုးကျ ယူကလစ်ဒ် ရပ်ဝန်း (Euclidean space)အတွင်း၌ ဤသို့ ဖြစ်မည်။ 𝐚𝐛=i=1n=3aibi=a1b1+a2b2+a3b3 သို့မဟုတ် 𝐚𝐛=axbx+ayby+azbz

ထို့နောက် တမ်းပလိတ်:Nowrap နှင့်တမ်းပလိတ်:Nowrap ဟူသော ဗှတ္တာ၂ခု၏ အစက်ချမြှောက်လဒ်မှာ -  [1,3,5][4,2,1]=(1×4)+(3×2)+(5×1)=46+5=3 ဟု ဖြစ်ပေတော့မည်။

တမ်းပလိတ်:Nowrap ကို တမ်းပလိတ်:Nowrap နှင့် အစက်ချမြှောက်လဒ် ပြန်ပြုကြည့်လျှင် ၎င်း၏ ကိုယ်ပြန်မြှောက်လဒ် (inner product) အဖြစ် -  [1,3,5][1,3,5]=(1×1)+(3×3)+(5×5)=1+9+25=35 ထွက်ပေါ်ရရှိမည်။

အကိုးအကား

တမ်းပလိတ်:Reflist