လျှပ်ကူးပစ္စည်း

testwiki မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
လျှပ်စစ်ထုတ်လုပ်ရာစက်ရုံများမှ လျှပ်စစ်သယ်ယူလာခြင်း

လွတ်လပ်သော အီလက်ထရွန်များ အက်တမ်တစ်ခုမှ တစ်ခုသို့စီးဆင်းသွားသည့်အခါ လျှပ်စီး​ကြောင်းဖြစ်​ပေါ်လာသည်။အီလက်ထရွန်များ ​မြောက်မြားစွာစီးဆင်း​စေ​သော ပစ္စည်းကို လျှပ်ကူးပစ္စည်း (Conductor)ဟု​ခေါ်သည်။ သတ္တုနှင့်ပြုလုပ်​သော ပစ္စည်းအများစုမှာ လျှပ်ကူးပစ္စည်း​ကောင်းများဖြစ်သည်။​ကြေးနီ၊​ငွေ၊အလူမီနီယမ်၊ဇင့်၊​ကြေးဝါနှင့်သံများ မှာလျှပ်ကူး​ကောင်းသည်။ ထိုထဲတွင် ​ကြေးနီမှာ လျှပ်ကူးပစ္စည်းပြုလုပ်ရန် လျှပ်ကူးအ​ကောင်းဆုံးနှင့် ​ဈေးအသက်သာဆုံးဖြစ်သည်။

ခုခံအားနှင့် လျှပ်ကူးအား

လျှပ်ကူးပစ္စည်းတစ်ခု၏ ခုခံအားမှာ ထိုပစ္စည်းကိုပြုလုပ်​သော သတ္တုနှင့် မျက်နှာပြင်အ​ပေါ်မူတည်သည်။ ထိုပစ္စည်း၏ ခုခံအားသည် မျက်နှာပြင် ကန့်လန့်ဖြတ်ဧရိယာနှင့် ​ပြောင်းပြန်အချိုးကျသည်။ဥပမာ-ဝါယာအထူတွင် ခုခံအားနည်းသည်။ ထိုပစ္စည်း၏ ခုခံအားမှာ အလျားနှင့် တိုက်ရိုက်အချိုးကျသည်။[]ဥပမာ- ရှည်လျား​သောဝါယာတွင် ခုခံအားများသည်။

R=ρA,G=σA.

  မှာ အလျား၊ A မှာ ကန့်လန့်ဖြတ် ဧရိယာ၊σ မှာ လျှပ်စီးကိန်း(အပူ​လျောက်ကိန်း)၊  ρမှာ ခုခံမှုအားကိန်း (resistivity)ဖြစ်သည်။  σနှင့်ρမှာ ကိန်း​သေဖြစ်သည်။ 

လျှပ်ကူးပစ္စည်းများ

Material ρ [Ω·m] at 20°C σ [S/m] at 20°C
Silver, Ag 1.59 × 10−8 6.30 × 107
Copper, Cu 1.68 × 10−8 5.96 × 107
Aluminum, Al 2.82 × 10−8 3.50 × 107

​ကြေးနီသည် လျှပ်စီးကိန်းမြင့်သည်။ အပူ​ပေး၍အ​အေးခံထား​သော​ကြေးနီ (annealed copper)သည် နိုင်ငံတကာစံချိန်မီဖြစ်သည်။၎င်း၏ လျှပ်စီးကိန်းမှာ 58 MS/mဖြစ်သည်။[]

​ငွေသည် ​ကြေးနီထက် လျှပ်စီးကိန်း ၆%ပိုများ​သော်လည်း စရိတ်များသဖြင့် လက်​​တွေ့တွင်အသုံးမပြု​ချေ။ သို့​သော် ဂြိုဟ်တုကဲ့သို့​သော အထူးပစ္စည်းများတွင်သုံးသည်။

အလူမီနီယမ်ဝါယာများကို လျှပ်စစ်သွယ်တန်းခြင်းနှင့် ဖြန့်ဖြူးခြင်းတွင် အသုံးများသည်။​ကြေးနီ​အောက် ကုန်ကျမှုနည်းသည်။

ဝါယာအရွယ်အစား

ဝါယာများကို ၎င်း၏ ကန့်လန့်ဖြတ် ဧရိယာ​ကို တိုင်းတာသည်။ နိုင်ငံများစွာတွင် အရွယ်အစားကို စတုရန်းမီလီမီတာဖြင့်တိုင်းသည်။တမ်းပလိတ်:Classification of materials based on permittivity


ကိုးကား

တမ်းပလိတ်:Reflist