ယူရိုပါ (ဂြိုဟ်ရံလ)
တမ်းပလိတ်:Infobox planet ယူရိုပါ သည် ဂျူပီတာဂြိုဟ်အား လှည့်ပတ်လျက်ရှိသည့် ဂြိုဟ်ရံလတစ်စင်းဖြစ်ပြီး နေအဖွဲ့အစည်းတွင် ဆဌမမြောက် အကြီးဆုံး ဂြိုဟ်ရံလဖြစ်သည်။ ယူရိုပါအား ဂယ်လီလီယိုက ၁၆၁၀ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းသည် လကမ္ဘာထက် အနည်းငယ်သေးပြီး အများစုကို ဆီလီကာ ကျောက်များဖြင့် ဖွဲ့စည်းထားပြီး ရေခဲလွှာဖြင့် ဖုံးအုပ်ထားသည်။[၁] အောက်ဆီဂျင်ပါဝင်သည့် ပါးလွှာသော လေထုလည်း တည်ရှိပြီး မြေမျက်နှာပြင်မှာ ပြောင်ချောနေကာ မီးတောင်ပေါက်ဝများမှာ ရှားပါးသည်။ ကမ္ဘာအခြေပြု တယ်လီစကုပ်များဖြင့် လေ့လာချက်များအပြင် အာကာသယာဉ်များဖြင့် စေလွှတ်ကာ ယူရိုပါအား ၁၉၇၀ ခုနှစ်များတွင် လေ့လာခဲ့သည်။ ယူရိုပါသည် နေအဖွဲ့အစည်းတွင် အပြောင်ချောဆုံး မျက်နှာပြင်အား ပိုင်ဆိုင်ထားသည့် ဂြိုဟ်ရံလတစ်စင်းလည်း ဖြစ်ပေသည်။[၂][၃] ယင်းကဲ့သို့ မျက်နှာပြင် ချောမွေ့မှုသည်ရေရှိသော သမုဒ္ဒရာများ တည်ရှိနိုင်သဖြင့် ကမ္ဘာ့အပြင်ဘက် သက်ရှိများ တည်ရှိနိုင်သည်ဟူသော အဆိုများကို ဦးတည်စေသည်။
မှတ်စု
ကိုးကား
တမ်းပလိတ်:ဂျူပီတာ၏ ဂြိုဟ်ရံလများ တမ်းပလိတ်:နေအဖွဲ့အစည်း ဂြိုဟ်ရံလများ (အသေး)