ပလူတို

testwiki မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

တမ်းပလိတ်:Infobox planet ပလူတို (တမ်းပလိတ်:Lang-en; သင်္ကေတ: ⯓[] ၎င်း ♇[]) သည် နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုဖြစ်ပြီး ကျောက်သား နှင့် ရေခဲတို့ဖြင့် ဖွဲ့စည်းထားသည်။ ပလူတိုဂြိုဟ်ပေါ်တွင် အလွန်အေးပြီး အပူချိန် အနှုတ် ၂၁၈ ဒီဂရီ ဆဲလ်စီးယပ် (အနှုတ် ၃၆၀ ဒီဂရီ ဖာရင်ဟိုက်) မှ အနှုတ် ၂၄၀ ဒီဂရီ ဆဲလ်စီးယပ် (အနှုတ် ၄၀၀ ဒီဂရီ ဖာရင်ဟိုက်) အထိရှိသည်။

ပလူတိုသည် ၂၃၉၀ ကီလိုမီတာအချင်းရှိပြီး လကမ္ဘာ ၏ သုံးပုံ နှစ်ပုံမျှရှိကာ ကမ္ဘာ၏ ၅ ပုံ ၁ ပုံမျှရှိသည်။ ပလူတိုဂြိုဟ်၏ အလေးချိန်မှာ တန်ချိန် ၁၃ သန်းမျှရှိသည်။ ကမ္ဘာသည် ပလူတိုဂြိုဟ်၏ အဆ ၄၆၀ မျှလေးပြီး ကမ္ဘာရံလသည် ပလူတိုဂြိုဟ်ထက် ၅ ဆခွဲမျှလေးသည်။

အရီဇိုးနား ပြည်နယ် Flagstaff ရှိ Lowell observatory မှ နက္ခတ္တဗေဒပညာရှင် ကလိုက်တွမ်ဘော့ (Clyde Tombaugh) မှ ပလူတိုဂြိုဟ်ကို ၁၉၃၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ရောမငရဲနှင့်ဆိုင်သော နတ်ဘုရား ပလူတို၏ အမည်ကို ပေးခဲ့သည်။ ထိုအမည်ကို အကြံပြုခဲ့သူမှာ အင်္ဂလန်မှ ဗဲနက်တီယာ ဘာနေး (Venetia Burney) ဖြစ်ပြီး သူမသည် ထိုအချိန်က ၁၁ နှစ် သမီးမျှသာရှိသေးသည်။

ပလူတိုတွင် ချာရွန် (Charon)၊ စတိုက် (Styrx)၊ ကီးဘရော့စ် (Kerberos)၊ နစ်စ် (Nix) နှင့် ဟိုက်ဒရာ (Hydra) ဟူသော ဂြိုဟ်ရံလ ၅ ခု ရှိသည်။ ချာရွန်မှာ ၁၁၉၀ ကီလိုမီတာ အချင်းရှိပြီး ပလူတိုဂြိုဟ်၏ အချင်း၏ တစ်ဝက်မျှရှိသည်။ ပလူတိုနှင့် ချာရွန်တို့သည် တစ်ခုကို တစ်ခု အပြန်အလှန်လှည့်ပတ်နေကြပြီး ဂြိုဟ်သိမ်ဂြိုဟ်မွှား ၂ ခုပမာရှိသည်။ နစ်စ်နှင့် ဟိုက်ဒရာတို့မှာ ပိုမိုသေးငယ်ပြီး ၄၅ ကီလိုမီတာမှ ၁၆၀ ကီလိုမီတာ အတွင်းသာ ကျယ်ဝန်းသော အချင်းရှိပြီး ပလူတိုဂြိုဟ်မှ ၄၄၀၀၀ ကီလိုမီတာမျှ ကွာဝေးသည်။ ချာရွန်ကို ၁၉၇၈ ဇွန်လတွင် ရှာဖွေတွေ့ရှိခဲ့ပြီး နစ်စ်နှင့် ဟိုက်ဒရာကို ၂၀၀၅ ခုနှစ် ဇွန်လတွင် ရှာဖွေတွေ့ရှိခဲ့သည်။

နေအဖွဲ့အစည်း အတွင်းတွင် ဂြိုဟ် ၈ ခု ရှိသည်။ ပလူတိုသည် ထိုဂြိုဟ် ၈ ခုနှင့် လွန်စွာမှပင် ကွဲပြားခြားနား နေသည်။ ၎င်းသည် အခြားဂြိုဟ်များထက် သေးငယ်နေပြီး နေ၏ ပတ်လည်တွင် ပုံစံကွဲပြားသော လမ်းကြောင်းဖြင့် သွားလာနေသည်။ ပလူတိုသည် ၎င်း သွားလာသော လမ်းကြောင်းကြောင့် တစ်ခါတစ်ရံတွင် နက်ပကျွန်းဂြိုဟ်ထက် ပို၍ နေနှင့် နီးကပ်နေလေ့ ရှိသည်။

ပလူတိုကို ဂြိုဟ်များစာရင်းမှ ပယ်ဖျက်ခဲ့သော အချိန်မှစ၍ မာကျူရီဂြိုဟ်သည် နေအဖွဲ့အစည်းအတွင်း၌ အသေးဆုံးဂြိုဟ်ဖြစ်လာသည်။  မာကျူရီဂြိုဟ်သည် ပလူတိုဂြိုဟ်ထက် ၂ ဆမျှ ပို၍ ကျယ်ဝန်းပြီး ဒြပ်ထု ပမာဏမှာ ပလူတိုထက် ၂၅ဆမျှ ပိုသည်။

ပလူတိုဂြိုဟ်အား ၉ ခုမြောက် ဂြိုဟ်အဖြစ် သတ်မှတ် ခေါ်ဝေါ်ခဲ့ကြသော်လည်း ကျူးပါး ခါးပတ်မှ ပလူတိုထက် ပိုကြီးသောဂြိုဟ်များအား ထပ်မံတွေရှိခဲ့သောကြောင့် ၂၀၀၆ ခုနှစ် ဩဂုတ်လတွင် နိုင်ငံတကာ အာကာသ အဖွဲ့အစည်းမှ ပလူတိုကို ဂြိုဟ်ဟု မသတ်မှတ်သင့်တော့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ပလူတိုအား ဂြိုဟ်သိမ်ဂြိုဟ်မွှား အဖြစ်သာ သတ်မှတ်ခေါ်ဝေါ်သင့်သည်ဟု သဘောတူညီခဲ့ကြသည်။[] ၂၀၁၅ ခုနှစ် ဇူလိုင် ၁၄ တွင် New Horizons အာကာသယာဉ်သည် ပလူတိုအနီးဖြတ်၍ပျံသန်းသည့် ပထမဆုံးယာဉ် ဖြစ်ခဲ့သည်။[][][] ယင်းကဲ့သို့ပျံသန်းစဉ် ပလူတိုအား အသေးစိတ် လေ့လာတိုင်းတာခဲ့သည်။

မှတ်စုများ

တမ်းပလိတ်:Notelist


ဆက်စပ်ဖတ်ရှုရန်

ကိုးကား

တမ်းပလိတ်:Reflist


တမ်းပလိတ်:နေအဖွဲ့အစည်း