ထရီတွန် (ဂြိုဟ်ရံလ)

testwiki မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

တမ်းပလိတ်:Distinguish တမ်းပလိတ်:Infobox planet

နက်ပကျွန်းဂြိုဟ်၏ အကြီးဆုံးသော လအမည်မှာ ထရီတွန် (Triton) ဖြစ်သည်။ ၎င်းသည် နေအဖွဲ့အစည်း၏ ခုနှစ်ခုမြောက် အကြီးဆုံးလတစ်စင်းဖြစ်သည်။ ထရီတွန်သည် အာကာသဆိုင်ရာ မှတ်တမ်း၊ ရာဇဝင်များဖြင့် ရှုပ်ထွေးနေပြီး ၎င်း၏ သစ်လွင်သော မျက်နှာပြင်နှိုင်းယှဉ်ချက်တစ်ခုကို နေအဖွဲ့အစည်း၏ သက်တမ်းနှင့် နှိုင်းယှဉ်ကြည့်ရန်တွေးခဲ့ကြသည်။[][] ဂျာမန်နက္ခတ္တဗေဒပညာရှင်များဖြစ်ကြသည် ဂျိုဟန် ဂေါ့ဖရန့် ဂယ်လီနှင့် ဟိန်းရစ်ချ် လူးဝစ်တအာရက်တို့ နှစ်ဦးသည် နက်ပကျွန်းဂြိုဟ်အား ရှာဖွေတွေ့ရှိပြီး[] ၁၇ ရက်အကြာတွင် ၎င်းနက်ပကျွန်းဂြိုဟ်၏ ဂြိုဟ်ရံ လကြီးကို ဗြိတိန်နက္ခတ္တဗေဒပညာရှင် ဝီလျံ လောစီ က ၁၈၄၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့သည်။[][]ထရီတွန်သည် Kuiper belt ဟုခေါ်သည့် နတ်ပကျွန်းဂြိုဟ်မှ ထွက်လာသည့် လမ်းကြောင်းအတွင်း ဖမ်းယူခြင်းခံရသည့် ဂြိုဟ်တစ်လုံးဖြစ်သည့်အပြင် နေအဖွဲ့အစည်းတွင် အအေးဆုံးသော ဂြိုဟ်တစ်ခုဖြစ်ရမည်ဟု အချို့ကတွေးတောကြသည်။ ထရီတွန်၏ မျက်နှာပြင်အပူချိန်အား ဗွိုင်ယေဂျာ ၂ ဖြင့် မှတ်တမ်းတင်ထားရာတွင် -၂၃၅ ဒီဂရီ ဆယ်လ်ဆီးယပ် အထိ အေးသည်ဟု သိရသည်။

ယခုချိန်တွင်ထရီတွန်သည် အနိမ့်ပိုင်းပတ်လမ်းသို့ ကျရောက်နေသည်ဟုလည်း ဆိုကြသည့်အပြင် နှစ်သန်း ၁ထောင် ခန့်တွင် ထရီတွန်သည် တစ်ခုခုနှင့် ထိခိုက်မိ၍ နက်ပကျွန်းဂြိဟ်၏ လေထုလွှာတွင်းသို့ သက်ဆင်းရမည်သို့မဟုတ် စေတန်ဂြိုဟ်၏ ဂြိုဟ်ပတ်ကွင်းစနစ် (Ring System)နှင့် ဆင်တူသည့် စနစ်အတွင်းတွင် ပျက်သုဉ်းလိမ့်မည်ဟု သိပ္ပံပညာရှင်များက သုံးသပ်ကြလေသည်။


မှတ်စု

တမ်းပလိတ်:Reflist တမ်းပလိတ်:Reflist

ကိုးကား

တမ်းပလိတ်:Reflist

တမ်းပလိတ်:နက်ပကျွန်းဂြိုဟ်၏ ဂြိုဟ်ရံလများ တမ်းပလိတ်:နေအဖွဲ့အစည်း ဂြိုဟ်ရံလများ (အသေး)