ကာဒေးရှပ် စကေး
ကာဒေးရှပ် စကေး(တမ်းပလိတ်:Lang-ru)သည် ယဉ်ကျေးမှုအဖွဲ့အစည်း(civilization) စွမ်းအင် အသုံးချနိုင်မှုပေါ်မူတည်၍ ယဉ်ကျေးမှုအဖွဲ့အစည်း၏ နည်းပညာတိုးတက်မှုအဆင့်ကို တိုင်းတာသော စကေးဖြစ်သည်။[၁] ၁၉၆၄ ခုနှစ်တွင် ဆိုဗီယက်နိုင်ငံသား နိုကိုလိုင်း ကာဒေးရှပ်(Kardeshev Scale)(တမ်းပလိတ်:Lang-ru)ဆိုသူ ရူပနက္ခတဗေဒ ပညာရှင်တစ်ဦးက အဆိုပြုတင်သွင်းခဲ့သော ကာဒေးရှပ် စကေးဖြစ်သည်။ ထိုစကေးတွင် အဖွဲ့အစည်းတို့ကို ၎င်းတို့၏ စွမ်းအင်သုံးစွဲမှုပမာဏအလျောက် အမျိုးအစား (၁)၊(၂)၊(၃) စသည်ဖြင့် သတ်မှတ်ထားသည်။ ထိုအမျိုးအစားများသည် ယဉ်ကျေးမှုအဖွဲ့အစည်းများ၏ နည်းပညာတိုးတက်မှုနှင့် စွမ်းဆောင်နိုင်ရည်တို့ကို ကိုယ်စားပြုသည်။
အဓိပ္ပာယ်ဖွင့်ဆိုချက်
၁၉၆၄ ခုနှစ်တွင် ကာဒေးရှပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ စွမ်းအင် အသုံးချနိုင်မှုပေါ်မူတည်၍ အဖွဲ့အစည်း သုံးမျိုးရှိသည်။
အမျိုးအစား (၁)
အမျိုးအစား (၁) အဖွဲ့အစည်းများသည် သူတို့၏ မိခင်ဂြိုဟ်တွင်ရှိသော သယံဇာတများအကုန်လုံးကို အသုံးချနိုင်ရသည်။ ကားဒေးရှပ်စကေးအရ အမျိုးအစား (၁) အဖွဲ့အစည်းများသည် စွမ်းအင်အနေ့နှင့် တစ်စက္ကန့်ကို ၁၀၁၆ ဝါဒ့်မှ ၁၀၁၇ ဝါဒ့်အကြား သုံးစွဲနိုင်ကြသည်။[၂] ၂၁ ရာစု လူ့အဖွဲ့အစည်းအနေဖြင့် တစ်စက္ကန့်ကို ၄ × ၁၀၁၂ဝါဒ့်သာ သုံးစွဲနိုင်ပါသေးသည်။[၁]
အမျိုးအစား (၂)
အမျိုးအစား (၂) အဖွဲ့အစည်းများကတော့ တဆင့်မြင့်ပြီး သူတို့ မိခင်ကြယ်၏ နျူကလိယစွမ်းအင်အကုန်ကို ထုတ်ယူနိုင်စွမ်းရှိသည်။
အမျိုးအစား (၃)
အမျိုးအစား (၃) အဖွဲ့အစည်းများအနေနှင့် ကြယ်တာရာအစုအဝေးတစ်ခုလုံးရှိ စွမ်းအင်ကို စိတ်ကြိုက်ခြယ်လှယ်နိုင်တဲ့အထိ တက်ကျွမ်းသည်။
လက်ရှိလူ့အဖွဲ့အစည်း၏ စွမ်းအင်သုံးစွဲနိုင်မှု အခြေအနေ
ကြိုးမျှင်သီအိုရီ အထူးပြုရူပဗေဒပညာရှင်နှင့် အနာဂတ်ဝါဒီတစ်ဦးလည်းဖြစ်သူ ကကု မီချီအို (Michio Kaku) ကမူ လက်ရှိလူ့အဖွဲ့အစည်းသည် နှစ် ၁၀၀ မှ ၂၀၀ အတွင်း အမျိုးအစား (၁) အဖွဲ့အစည်း၊ နှစ်ထောင်ပေါင်းအနည်းငယ်တွင် အမျိုးအစား (၂) အဖွဲ့အစည်း၊ ၁၀၀,၀၀၀ မှ ၁ မီလီယံနှစ်တွင် အမျိုးအစား (၃) အဖွဲ့အစည်း သို့ ကူးပြောင်းနိုင်လိမ့်မည်ဟု ဟောကိန်းထုတ်ထားသည်။ [၃]
ရူပဗေဒပညာရှင် ကားလ်ဆေဂန် (Carl Sagan) ၏အဆိုမှာ
- ,
ဆိုသော ဖော်မြူလာ (K = ကာဒေးရှပ်စကေးအရ အဖွဲ့အစည်းအမျိုးအစား၊ P= သုံးစွဲသည့် စွမ်းအင်ပမာဏ (ဝါဒ့်))အရ လက်ရှိလူ့အဖွဲ့အစည်းဟာ အမျိုးအစား ၀.၇ ကျော်ကျော် ရောက်ရှိနေပြီဟု ဆိုသည်။
၂၀၁၂ ခုနှစ်တွင် တစ်ကမ္ဘာလုံးစွမ်းအင်သုံးစွဲမှု စုစုပေါင်းသည် ၅၅၃ exajoules (553×1018 J=153,611 TWh) [၄]ရှိပြီး ဆေဂန်၏ ကာဒေးရှပ်စကေးအရ ၀.၇၂၄ ရှိခဲ့သည်။
အမျိုးအစား (၁) အဖွဲ့အစည်း
အမျိုးအစား (၁) အဖွဲ့အစည်းများသည် မိခင်ဂြိုဟ်မှာ ကျရောက်လာတဲ့ သဘာဝကပ်ဘေး၊ အန္တရာယ်- ဥပမာ စူပါမိုးကြိုးမုန်တိုင်း၊ မီးတောင်၊ ငလျင် စတဲ့ဟာတွေ အားလုံးကို ထိန်းချုပ်နိုင်ရုံသာမကပဲ ပင်လယ်သမုဒ္ဒရာရေပြင်ပေါ်တွင်လည်း မြို့များတည်ထားနိုင်ကြသည်။ ဟိုက်ဒရိုဂျင်အက်တမ်နှစ်လုံးဓာတ်ပြု၍ ဟီလီယမ်အက်တမ် ထွက်ရှိသည့် Fusion process အရလည်း သမုဒ္ဒရာရေထုထည်ကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲနိုင်စွမ်းရှိသည်။ ထို့ပြင် စကြဝဠာအတွင်းမှာ သဘာဝအလျောက်တည်းရှိနေသော ဆန့်ကျင်ဖက်ဒြပ် (anti-matter)ကို စုဆောင်းနိုင်မည့် နည်းပညာတွေလည်း ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နိုင်သည်။
အမျိုးအစား (၂) အဖွဲ့အစည်း
အမျိုးအစား (၂) အဖွဲ့အစည်းတွေကတော့ စွမ်းအင်အနေဖြင့် ၄ × ၁၀၂၆ ဝါ့ဒ်အထိ သုံးစွဲနိုင်ကြသည်။ ကြယ်များကို ဝိုင်းပတ်ကာရံထားပြီး ထိုကြယ်မှ ထုတ်လွှတ်သောစွမ်းအင်ကို အလေအလွင့်မရှိ စုပ်ယူနိုင်တဲ့ စိတ်ကူးယဉ်ဆန်ဆန် နေစွမ်းအင်သုံး စလောင်းပုံအစုအဝေးခေါ် ဒိုင်ဆင် စက်လုံး (Dyson Sphere) များမှာလည်း အမျိုးအစား (၂) အဖွဲ့အစည်းတွေရဲ့ ဧရာမစွမ်းအင်လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်မည့် နည်းပညာတစ်ခု ဖြစ်သည်။ အခြားနည်းတွေကတော့ ကြယ်ဆီမှ ဒြပ်ထုကို တိုက်ရိုက်ထုတ်ယူခြင်း၊ တွင်းနက်ထဲသို့ ကြယ်တစ်လုံးကို ထည့်ကျွေးရာမှ ထွက်ရှိသော ဖိုတွန်များကို စုဆောင်းခြင်း၊ ဒြပ်နှင့် ဆန့်ကျင်ဖက်ဒြပ်တို့ကို သင့်လျော်စွာ ထိန်းသိမ်းဓာတ်ပြုစေ၍ ဖြစ်ပေါ်လာသော မဟာပေါက်ကွဲမှုမှ စွမ်းအင်ရယူခြင်း၊ အဆုံးစွန်အားဖြင့် စကြဝဠာအတွင်းမှာ မကြာခဏ ဖြစ်ပွားလေ့ရှိသော ဂါမာစွမ်းအင် ပေါက်ကွဲမှုများကို ဖမ်းယူခြင်း စသည်တို့ပဲ ဖြစ်သည်။ အမျိုးအစား (၂) အဖွဲ့အစည်းတွေဟာ ခေတ်မီသော နည်းပညာများကို အသုံးပြုပြီး ကြယ်များပေါက်ကွဲခြင်း (supernova)၊ ဥက္ကာခဲဝင်ဆောင့်ခြင်း စသော နက္ခက်တာရာ ဘေးဥပါဒ်များကိုပင် အလွယ်တကူ ရှောင်ကျဉ်နိုင်စွမ်း ရှိသည်။ ၎င်းတို့ရဲ့ ဧရာမစွမ်းအင်သယံဇာတများကို အသုံးချပြီး စကြဝဠာရဲ့ အချိန်နေရာဖွဲ့စည်းပုံကို တွန့်လိမ်စေကာ တီကောင်တွင်း (wormhole) များကို ဖန်တီးပြီး စကြဝဠာအတွင်း လျင်မြန်စွာ ခရီးနှင်နိုင်ကြသည်။
အမျိုးအစား (၃) အဖွဲ့အစည်း
အမျိုးအစား (၃) အဖွဲ့အစည်းအနေနှင့် ဆိုခဲ့ပြီးသော နည်းပညာတွေကို ကြယ်အစုအဝေးအတိုင်းအတာဖြင့် ဆောင်ရွက်နိုင်သည်။

ကိုးကား
ဆက်လက် ဖတ်ရှုရန်
- Dyson, Freeman J. Energy in the Universe Article in September 1971 Scientific American magazine (Special September Issue on Energy)
- တမ်းပလိတ်:Cite web
- Wind Powering America
- Clean Energy for Planetary Survival: International Development Research Centre တမ်းပလိတ်:Webarchive
- LBL Scientists Research Global Warming တမ်းပလိတ်:Webarchive
- E³ Handbook တမ်းပလိတ်:Webarchive
- Clarke H2 energy systems
- တမ်းပလိတ်:Cite web
- တမ်းပလိတ်:Cite book
- Shkadov Thruster
- တမ်းပလိတ်:Cite book
- တမ်းပလိတ်:Cite journal
- Supercivilizations as Possible Products of the Progressive Evolution of Matter: also by Kardashev
- Search for Artificial Stellar Sources of Infrared Radiation, by Freeman J. Dyson
- The Radio Search For Intelligent Extraterrestral Life, by Frank Drake
- တမ်းပလိတ်:Cite book
- တမ်းပလိတ်:Cite book
ပြင်ပလင့်များ
- Kardashev civilizations
- Astrobiology: The Living Universe တမ်းပလိတ်:Webarchive
- Detectability of Extraterrestrial Technological Activities
- Flash Animation on Civilizations
- After Kardashev: Farewell to Super Civilizations တမ်းပလိတ်:Webarchive
- Exotic Civilizations: Beyond Kardashev တမ်းပလိတ်:Webarchive
- Description of civilization types from Dr. Michio Kaku
- Search for Type III civilizations တမ်းပလိတ်:Webarchive