ကလက်စတို (ဂြိုဟ်ရံလ)
တမ်းပလိတ်:Distinguish တမ်းပလိတ်:Infobox planet
ကလက်စတို သည် ဂျူပီတာဂြိုဟ်၏ ဂျန်နမိတ်ပြီးလျင် ဒုတိယအကြီးဆုံး ဂြိုဟ်ရံလဖြစ်သည်။ နေအဖွဲ့အစည်းတွင် စနေဂြိုဟ်၏ တိုက်တန်နှင့် ဂျန်နမိတ်ပြီးလျင် တတိယအကြီးမားဆုံး ဂြိုဟ်ရံလဖြစ်ပြီး ၁၆၁၀ ခုနှစ်တွင် ဂယ်လီလီယိုမှ ရှာဖွေတွေ့ရှိခဲ့သည်။ အချင်းအားဖြင့် ၄၈၂၁ ကီလိုမီတာရှိပြီး ကလက်စတိုသည် မာကျူရီဂြိုဟ်၏ ထုထည် ၉၉ ရာခိုင်နှုန်း ရှိသည်။ ဂျူပီတာမှ ၁၈၈၃၀၀၀ ကီလိုမီတာ ကွာဝေးပြီး[၁] ကလက်စတို၏ မျက်နှာပြင်တစ်ခြမ်းသည် ဂျူပီတာဘက်သို့ အမြဲတမ်း မျက်နှာမူလျက် လှည့်ပတ်နေသောကြောင့် ကလက်စတို၏ ကောင်းကင်တွင် ဂျူပီတာအား ပြောင်းလဲမှုမရှိဘဲ မြင်ရမည်ဖြစ်သည်။ ကလက်စတိုသည် အခြားသော အတွင်းပိုင်း ဂြိုဟ်ရံများထက်မူ ဂျူပီတာ၏ မဂ္ဂနက်တိုစဖီးယား သက်ရောက်မှုဒဏ်ကို ပိုမိုနည်းပါးစွာ ခံရသည်။[၂][၃] ကျောက်စိုင်နှင့် ရေခဲတို့ဖြင့် ကလက်စတိုအား ဖွဲ့စည်းထားပြီး မြေမျက်နှာပြင်တွင် ရေခဲလွှာဖြင့် ဖုံးလွှမ်းထားသည်။[၄] ကလက်စတို၏ မျက်နှာပြင်သည် နေအဖွဲ့အစည်း၌ သက်တမ်းအရင့်ဆုံး ဖြစ်ပြီး[၅] ထိတိုက်ရာများဖြင့် ပြည့်နှက်လျက်ရှိသည်။[၆] ကလက်စတို၌ ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်သော အင်မတန်ပါးလွှာသည် လေထုရှိပြီး[၇] မော်လီကျူလာ အောက်ဆီဂျင်လည်း တည်ရှိနိုင်သည်။[၈]
မှတ်စု
ကိုးကား
တမ်းပလိတ်:ဂျူပီတာ၏ ဂြိုဟ်ရံလများ တမ်းပလိတ်:နေအဖွဲ့အစည်း ဂြိုဟ်ရံလများ (အသေး)
- ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs namedorbit - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs namedCooper2001 - ↑ တမ်းပလိတ်:Cite web
- ↑ တမ်းပလိတ်:Cite news
- ↑ တမ်းပလိတ်:Cite web
- ↑ တမ်းပလိတ်:Cite book
- ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs namedCarlson 1999 - ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs namedLiang 2005