အလင်းဝန်းကတော့ချွန်

testwiki မှ
၁၃:၂၂၊ ၂၈ ဇွန် ၂၀၂၄ နေ့က imported>Kaday Han Thaw (သက်ရောက်ဝန်း စာမျက်နှာကို အလင်းဝန်းကတော့ချွန် သို့ Kaday Han Thawက ရွှေ့ခဲ့သည်) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

တမ်းပလိတ်:Incomplete

ပုံတွင် အလျားလိုက်သော စံတိုင် (သို့) တိုင်းကြောင်း ၂ခုက နေရာ(ရပ်ဝန်း) သဘောကို (2D space အဖြစ်) ကိုယ်စားပြု၍၊ ထောင်လိုက် စံတိုင် (သို့) တိုင်းကြောင်းက အချိန်ကုန်ဆုံးမှု t ကို ပြထားပြီး၊ ကန်တော့ချွန်ပုံ (ဤတွင် အရောင်နှင့်) ပေါ်နေသည့် မျက်နှာပြင်မှာ သက်ရောက်ဝန်း (light cone) ဖြစ်၏။ အထက်သို့ (t တန်ဖိုး အပေါင်းဘက်) ကျယ်တက်သည့် ကန်တော့ဝန်းပိုင်းမှာ အနာဂတ်သို့ သက်ရောက်ဝန်း၊ အောက်သို့ (t တန်ဖိုး အနုတ်ဘက်) ကျယ်ဆင်းသည့် ကန်တော့ဝန်းပိုင်းမှာ အတိတ်မှ သက်ရောက်ဝန်း ဖြစ်၏။

ထူးရှား နှိုင်းရသီအိုရီ (Special Relativity Theory) မှ ပါရှိသော၊ အမှတ်တစ်မှတ်ချင်းစီအဖို့ အလင်း ကန်တော့ချွန် (ခေါ်) သက်ရောက်ဝန်း a (တမ်းပလိတ်:Lang-en; null cone) ဟူသည်မှာ -

သို့ဖြင့် ထောင့်သန့် နှိုင်းပုံကျ မင်ခေါ့ဗ်ရှကီး အချိန်+ရပ်ဝန်း (ဖြစ်အင်ထု) ကို ဆွဲသားသော ဒိုင်ယာဂရမ်ပုံများတွင် မတ်ခြင်းနှင့်လဲခြင်းကြား တည့်တည့်ကျသော ၄၅ ဒီဂရီ မျဉ်းတို့ဖြင့် သက်ရောက်ဝန်း (light cone) က ပေါ်ပေါက်ဘောင်ခတ်နေပေမည်။

  • သာဓကအားဖြင့် (မိမိအဖို့)အနာဂတ်ပိုင်းရှိ အဖြစ်အပျက်တစ်ခုသော B က မိမိအဖြစ်အပျက်တစ်ခု A ၏ သက်ရောက်ဝန်း ပြင်ပ၌ ရှိအံ့၊ မိမိ၏ ၎င်း A ထံမှ သက်ရောက်မှု အလုံးစုံမှာ (အလင်းအလျင်သာ အမြန်ဆုံး ရှိနိုင်သည့်အလျောက်) ၎င်း B ဟူသော အချိန်နှင့်နေရာ (အဖြစ်အပျက်) ကွက်တိသို့ မရောက်နိုင်ကြောင်း ဆွဲပုံတွင်လည်း ထင်ရှား၍ B အဖြစ်အပျက်၌ မိမိထံမှ အကျိုးသက်ရောက်မှု လုံးဝပါရှိမည်မဟုတ်ဟု ဆိုလို၏။ ၎င်း B ကြုံ ဇာတ်ကောင်၏ သက်ရောက်လောက (Observable Univerese) အတွင်း မိမိ ပါဝင်နေမည်ပင် မဟုတ်ချေ။
  • သာဓကအားဖြင့် (မိမိအဖို့)အတိတ်ပိုင်းရှိ အဖြစ်အပျက်တစ်ခုသော B ၏ သက်ရောက်ဝန်း ပြင်ပ၍ မိမိ၏ အဖြစ်အပျက်တစ်ခု A က ရှိအံ့၊ ၎င်းထံမှ သက်ရောက်မှု အလုံးစုံ မိမိထံသို့ ရောက်ရှိမည် မဟုတ်ဟု သိနိုင်၏။ ဤအခါမျိုးတွင် မိမိ၏ သက်ရောက်လောက (Observable Universe) အတွင်း ၎င်း အဖြစ်အပျက် B ပါဝင်နေမည်ပင် မဟုတ်ချေ။

အကိုးအကား

တမ်းပလိတ်:Reflist

  1. Schutz, Bernard F. | "A First Course in General Relativity"