ဒေါလ်တန်၏ နိယာမ

testwiki မှ
၀၄:၀၅၊ ၂၃ စက်တင်ဘာ ၂၀၂၁ နေ့က imported>NjsBot (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း  (-သွေဖယ် +သွေဖည်)) တည်းဖြတ်သည့်မူ
(ကွဲပြားမှု) ← မူဟောင်း | နောက်ဆုံး မူ (ကွဲပြားမှု) | ပိုသစ်သော တည်းဖြတ်မူ → (ကွဲပြားမှု)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ပင်လယ်ရေမျက်နှာပြင်၌ လေတွင်ပါဝင်သော ဓာတ်ငွေ့များကို အသုံးပြု၍ ဒေါလ်တန်၏ နိယာမကို သရုပ်ဖော်ထားခြင်း

ဒေါလ်တန်၏ နိယာမ (တစ်ပိုင်းဖိအားများဆိုင်ရာ ဒေါလ်တန်၏ နိယာမ) (Dalton's law (သို့) Dalton's law of partial pressures) ၏ ဖွင့်ဆိုချက်မှာ ဓာတ်ပြုခြင်း ရှိမနေသော ဓာတ်ငွေ့အရောတစ်ခု၌ သက်ရောက်သည့် စုစုပေါင်း ဖိအားသည် ဓာတ်ငွေ့တစ်ခုချင်းစီ၏ တစ်ပိုင်းတစ်စဖိအားများ ပေါင်းလဒ်နှင့် ညီမျှသည်။.[] ဤနိယာမကို ဂျွန် ဒေါလ်တန်က ၁၈၀၁ တွင် စူးစမ်း​လေ့လာခဲ့၍ ၁၈၀၂ တွင် ထိုစူးစမ်းချက်ကို ဖြန့်ချိခဲ့သည်။[] ဤနိယာမသည် စံ(စိတ်ကူးယဉ်) ဓာတ်ငွေ့ နိယာမ (Ideal gas laws) နှင့် ဆက်စပ်မှုရှိသည်။

ဖော်မြူလာ

သင်္ချာနည်းအရ ဓာတ်ပြုမတုံ့ပြန်သော ဓာတ်ငွေ့အရောအနှောတစ်ခုရှိ ဖိအားကို အောက်ပါအတိုင်း ရေးသားနိုင်သည်။ ptotal=i=1npi=p1+p2+p3++pn ဤ၌ p1, p2, …, pn သည် ဓာတ်ငွေ့တစ်ခုချင်းစီ၏ တစ်ပိုင်းဖိအားများကို ကိုယ်စားပြု၏ ။[]

pi=ptotalxi ဤ၌ xi သည် n (အကြိမ်ထိရှိသော) ဓာတ်ငွေ့များပါဝင်သော ဓာတ်ငွေ့အရောအနှောတွင် i (ကြိမ်မြောက်) ဓာတ်ငွေ့၏ မိုးလ်(မိုလာ) အပိုင်းကိန်းတစ်ခုဖြစ်သည်။ (i (ကြိမ်မြောက်) ဓာတ်ငွေ့တစ်ခု၏ ဖိအားကို ၎င်းပါဝင်နေသော ဓာတ်ငွေ့အရောအနှောကြီး၏ စုစုပေါင်း ဖိအားနှင့် စားလိုက်သောအခါ ဖြစ်လာသော မိုးလ် အပိုင်းကိန်း)


ထုထည်အခြေခံ ပါဝင်မှုသဘော

အောက်၌ဖော်ပြထားသည်မှာ ဓာတ်ငွေ့တစ်ခုချင်းစီ၏ ထုထည်အခြေခံ ပါဝင်ဖွဲ့စည်းမှုကို ဆုံးဖြတ်သည့် နည်းလမ်း (ညီမျှခြင်း) ဖြစ်သည်။

pi=ptotalci ဤ၌ ci သည် i ကြိမ်မြောက် ဓာတ်ငွေ့၏ ပါဝင်မှု(ပမာဏ) ဖြစ်သည်။

ဒေါလ်တန်၏ နိယာမကို တစ်ကယ့်လက်တွေ ဓာတ်ငွေ့များက ထိုအတိုင်း အတိအကျ လိုက်နာသည်တော့မဟုတ်ပေ။ ဖိအားများလာသည်နှင့်အမျှ သွေဖည်လွဲချော်မှုများရှိသည်။ ထိုအခြေအနေများအောက်၌ မော်လီကျူးများပါဝင်ဖွဲ့စည်းထားသည့် ထုထည်သည် ထိုမော်လီကျူးများကြားရှိ နေရာလွတ်နှင့် နှိုင်းယှဉ်ပါက အရေးပါသည်။ အထူးသဖြင့် မော်လီကျူးများကြား ပျမ်းမျှအားဖြင့် တိုတောင်းသော အကွာအဝေးများသည် မော်လီကျူးကြား အင်တာမော်လီကျူးအားများ (intermolecular force) ကို မြင့်တက်စေကာ ၎င်းတို့ သက်ရောက်သော ဖိအားကို ပြောင်းလဲရန် ကောင်းစွာလုံလောက်သည်။ ဤအကျိုးသက်ရောက်မှုသည် စံ(စိတ်ကူးယဉ်)ဓာတ်ငွေ့ နမူနာတစ်ခု၌ မရှိပေ။

ကိုးကား

တမ်းပလိတ်:Reflist

  1. ၁.၀ ၁.၁ တမ်းပလိတ်:Cite book
  2. J. Dalton (1802), "Essay IV. On the expansion of elastic fluids by heat," Memoirs of the Literary and Philosophical Society of Manchester, vol. 5, pt. 2, pages 595–602; see page 600.